CH- 66

1.3K 150 2
                                    

အခန်း ၆၆ ဒါကို Propose လုပ်တယ်လို့ ယူဆရမှာလား

  ရထားလုံးက အမြန်မောင်းနေပြီး ကျွော့ချင်းက မယ်တော်မိဖုရားကြီးက သူမကို ဘာကြောင့်ရှာနေတာလဲဟု တိတ်တဆိတ် တွေးတောနေသည်။ ဒါက ယန်းဟုန်ထျန်းရဲ့နောက်ထပ် လှည့်ကွက်တစ်ခုလား?! ဒါမှမဟုတ် လို့ရှီးယန်ကြောင့်လား? သူမ၏ အတွေးများ ကမောက်ကမ ဖြစ်နေစဉ်၊ ရထားလုံးက နန်းတော်ထဲတွင် ရပ်တန့်နေပြီ ဖြစ်သည်။ ကျွော့ချင်းက မော့မော့နောက်မှ လိုက်သွားခဲ့ပြီး ခနတာ လှည့်ပတ်သွားလာပြီးနောက် နောက်ဆုံးတွင် နန်းတော်တစ်ခု၏ရှေ့တွင် ရပ်သွားသည်။ ကျွော့ချင်းက လှမ်းမျှော်ကြည့်လိုက်ရာ ဝင်းတံခါး "ရှီရှနန်းတော်"ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။ အနောက်ဆောင်ဧကရီမယ်တော်ကြီး၏နန်းတော်လား?? သိပ်တော့ မထူးဆန်းပါဘူး။

 ကျွော့ချင်းက တိတ်တိတ်လေး ကျိန်ဆဲရင်း ခြံဝင်းအပြင်ဘက်တွင် ကျန်ရစ်ခဲ့သည်။ သိပ်မကြာခင်မှာပဲ မော့မော့က တစ်ဖန် ပြန်ရောက်လာပြီး "ချင်းသခင်မလေး၊ ကျေးဇူးပြုပြီး... ဒီကို လိုက်ခဲ့ပါ"

  နန်းတော်ထဲသို့ လိုက်ဝင်သွားပြီးနောက် ကျွော့ချင်း အံ့အားသင့်သွားသည်။ မူလက ဧကရီမယ်တော်ကြီးတစ်ဦးတည်းကသာ သူမကို တွေ့ချင်နေသည်ဟု သူမ ထင်ခဲ့သော်လည်း နန်းတော်ထဲတွင် လှပသော မိန်းမများစွာ ရှိနေမည်ဟု သူမ မျှော်လင့်ခဲ့ပေ။ ကျွော့ချင်းက မျက်လုံးများကို ဝေ့ကြည့်လိုက်ရာ မထင်မှတ်ပဲ ချင်းဖုန့်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။

  ထိုနောက် ကျွော့ချင်းက ဧကရီမယ်တော်ကြီးကို မြင်လိုက်ရသည်။ မိဖုရားက ကျွော့ချင်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက်တွင် သူမ၏မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သို့သော် အချိန်က ခဏတာမျှသာ ဖြစ်သောကြောင့် ခွဲခြားရန် မလွယ်ကူပေ။

  "မင်းက ချင်းလင်လား"

နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံက တိုးတိုးလေး ထွက်ပေါ်လာသည်။ ကျွော့ချင်းက အပေါ်ဆုံးခုံကို လှမ်းကြည့်လိုက်ရာ အနည်းငယ် ပြည့်ဖြိုးသော အမျိုးသမီးက သူမကို ငုံကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက ခရမ်းရောင် ဂါဝန်ရှည်နှင့် ရိုးရှင်းသော ခေါင်းဆောင်းအဆင်တန်ဆာကို ၀တ်ဆင်ထားသည်။ သူမတွင် အလွန်ရိုးရှင်းပြီး ဖော်ရွေသော အပြုံးတစ်ခုရှိနေသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now