CH- 107

1K 112 0
                                    

အခန်း ၁၀၇ အခွင့်ကောင်းယူနိုင်သည့် အခွင့်အရေးတစ်ခု

  ညအချိန်...

  လရောင်ရှိနေသော်လည်း ကြယ်များက ခပ်ကျဲကျဲသာ တောက်ပနေကာ အိမ်ဝင်းအတွင်းရှိ သစ်ပင်များနှင့် ကျောက်တောင်တုများကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ မဖယ်ရှားရသေးသော အနီရောင်ပိုးမီးပုံးများကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး အေးစက်တိတ်ဆိတ်သော ခြံဝင်းက ရောင်ပြန်ဟပ်နေသော အနီရောင်များ၏ တောက်ပမှုကြောင့် ဆွဲဆောင်မှု တစ်မျိုးကို ဖြစ်ပေါ်နေစေသည်။ သို့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖော်ညွှန်းပြသရန် မစွမ်းဆောင်နိုင်သော ဝမ်းနည်းမှုတစ်ခုကလည်း ရောထွေး နှောက်ယှက်နေပြန်သည်။ အင်းဆက်ပိုးမွှားများ၏ မြည်ကြွေးတေးဆိုသံက ခါတိုင်းလိုပဲဖြစ်နေကာ ညလေညင်းက ဖြည်းညှင်းစွာ တိုက်ခတ်နေပြီး အရာရာတိုင်းက ဘာမှ မပြောင်းလဲနေခဲ့ပေ။ ပြောင်းလဲသွာသည့် တစ်ခုတည်းသောအရာက မြင်ကွင်းကို ကြည့်ရှုခံစားနေသူရဲ့ နှလုံးသားပါပဲ။

 အိမ်တော်မှ အစေခံများနှင့် ကျွန်များက  ပင်မခန်းမဆောင်အတွင်းမှ သခင်မအသစ်ကို မနှောင့်ယှက်ဝံ့ဘဲ အိမ်အပြင်ဘက်တွင်သာ မီးပုံးနှစ်လုံး ထွန်းပေးထားသည်။ ခန်းမထဲတွင် အလင်းရောင်ဖျော့ဖျော့ လင်းလက်နေပြီး ကျွော့ချင်းက သူမနေ့လည်ကတည်းက ထိုင်နေသော အနေအထားအတိုင်း ထိုင်နေသေးသည်။ သူမ ထိုင်နေသည်မှာ အကြာကြီး ရှိနေကြောင်းကို သူမ သိနေသော်လည်း မလှုပ်ရှားချင်သေးပေ။

  ခပ်ဖျော့ဖျော့ ခြေသံများ ထွက်လာပြီး သွယ်လျလျအသွင်အပြင်တစ်ခုကို မြင်လိုက်ရကာ ယောက်ျားလေးအသံတစ်ခု ထွက်ပေါ်လာသည်။ "တစ်ခုခု အရင်စားလိုက်ပါ"

  စကားသံဆုံးသည်နှင့် သူက အသားများပါဝင်သော ယာဂုနွေးနွေးတစ်ပန်းကန်ကို သူမလက်ထဲသို့ ဖြည်းညှင်းစွာ ထည့်ပေးလိုက်သည်။ ကျွော့ချင်းက သူမခေါင်းကို မော့လိုက်ရာ နတ်သားလို ဖြူစင်ပြီးအပြစ်ကင်းစင်တဲ့ မျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။ ကွာခြားချက်ကတော့ ဒီမျက်နှာမှာ လွန်ခဲ့တဲ့ ရက်တွေကလို ရယ်မောဆော့ကစားချင်နေတဲ့ အရိပ်အယောင်တွေ ပျောက်နေပြီး တောက်ပတဲ့ မျက်လုံးတွေက သူမကို စိုးရိမ်တကြီး ကြည့်နေတာပါပဲ။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now