အခန်း ၂၇ ရေပူစမ်းဥယျာဉ် (အပိုင်း ၂)
သူမ နားထဲမှာ သစ်ရွက်တွေကို လေတိုက်သံ၊ တုံ့ဆိုင်းနေတဲ့ ရေစီးသံတွေကို ကြားနေရသည်။ သစ်ပင်သစ်တောတွေရဲ့ အနံ့လေးကလည်း သင်းပျံနေပြီး အဲဒီနားတစ်ဝိုက်မှာ မြူခိုးတွေ လွင့်ပျံပြီး စိုစိုစွတ်စွတ်ဖြစ်တာကြောင့် အရမ်းကို သက်တောင့်သက်သာ ရှိစေသည်။ နွေဦးရာသီတွင် သစ်ပင်များက ပွင့်လန်းနေပြီး နေရာတိုင်းတွင် စိမ်းလန်းသော အပင်ပေါက်များရှိနေသည်။ ကျွော့ချင်းက အသက်ပြင်းပြင်းရှူလိုက်သည်။ ဤနေရာ အမှန်ပင် နေရာကောင်းတစ်ခုဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုဖြစ်သည်။ သစ်သားအိမ်ငယ်လေးက ဤနေရာနှင့် အံဝင်ခွင်ကျဖြစ်နေပြီး ရိုးရှင်းကာ ရှေးရိုးဆန်နေသည်။ ထူးထူးခြားခြားအလှဆင်ထားသော ခြံဝင်းအလွတ်လေးတစ်ခုလည်း ရှိနေသေးသည်။ ထူးခြားချက်က အဆောက်အဦးကို လုံးဝ အုတ်ခဲ သို့မဟုတ် အုတ်ကြွပ်များနှင့် မဟုတ်ဘဲ သစ်သားဖြင့်တည်ဆောက်ထားခြင်းဖြစ်ပြီး သူမအကြိုက်ဆုံးစတိုင်ဖြစ်သည်။
ဝင်းငယ်တစ်ခုစီ၏အနောက်ဘက်မှ လမ်းက ရေပူစမ်ဆီသို့ တိုက်ရိုက်ရောက်နိုင်သည်ကို ကြားလိုက်ရသဖြင့် ကျွော့ချင်းက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ဤသရဲသဘက်လို ခေတ်ဆိုးကြီးရောက်ကတည်းက သူမ အေးအေးဆေးဆေး အနားမယူရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ကျွော့ချင်းက ကုတင်၏ အစွန်းတွင် ချိတ်ထားသည့် ရိုးရိုးအဖြူရောင်ပိုးပဝါ အပိုင်းအစတစ်ခုကို ဆွဲယူလိုက်သည်။ ထိုနောက် ပဝါကို သူမလည်ပင်းတွင် ပတ်ကာ အိမ်ငယ်ထဲသို့ ဝင်လာချိန်ထဲက မရပ်မနား လမ်းလျှောက်နေသော လို့ရှီးဝူကို ရွှင်မြူးစွာဖြင့် ကြည့်လိုက်သည်။
ဝန်ခံရုံပဲ မဟုတ်ဘူးလား? အဲ့ဒါကြောင့် စိတ်ပူနေစရာ မလိုဘူးလေ၊ ဟုတ်တယ်မလား?! ကျွော့ချင်းက အိမ်နောက်ဘက်တံခါးကို တွန်းဖွင့်ပြီး အပြင်ထွက်ရန် ပြင်လိုက်ကာ "ငါ အခု ရေပူစမ်းကို သွားတော့မယ်၊ မင်းရဲ့အချစ်ကို အောင်အောင်မြင်မြင် မဝန်ခံခဲ့ဘူးဆိုရင် မင်း ပြန်လာရင် ငါ့အလှည့်နော်"
أنت تقرأ
နာကြည်းမှုတွေ လွင့်ပျယ်စေ...
أدب تاريخي"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)"