CH- 78

1.1K 123 1
                                    

အခန်း ၇၈- ကြေကွဲသွားသောအချစ်

  ယန်းရူရွှယ်က သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကြည်လင်သော မျက်ရည်နှစ်ကြောင်းက သူမ၏ မှုန်ရီဝေနေသော မျက်လုံးများမှ သူ့လက်ကောက်ဝတ်ဆီသို့ ကျဆင်းလာခဲ့သည်။ သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို အတင်းအကြပ် တွန်းထုတ်လိုက်လျှင် သူမ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားမည်ကို သူ စိုးရိမ်နေမိသည်။ လို့ရှီးယန်က သက်ပြင်းချလိုက်ပြီး "ကောင်းပြီ"

  သူ သဘောတူကြောင်းကြားလိုက်ရတာကြောင့် ယန်းရူရွှယ်က ဝမ်းသာသွားသော်လည်း မကြာမီ သူမ၏လှုပ်ရှားနေသော နှလုံးသားက နောက်တစ်ကြိမ် ထပ်၍ အေးခဲသွားရပြန်သည်။

  "ကျွန်တော်မျိုး တံခါးအပြင်မှာ စောင့်နေပြီး မင်းသမီး မအိပ်ပျော်ခင်အထိ စောင့်ပေးပါ့မယ်" သူ့အသံက ပျော့ပျောင်းနေပေမယ့် သူ ဖော်ပြနေတဲ့ အဓိပ္ပါယ်က ရက်စက်လွန်းနေသည်။ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကြောင့် ယန်းရူရွှယ်က သူမ၏ စိတ်ခံစားချက်များကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူမက သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏လက်သည်းများက သူ့အသားထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားသည်။ ယန်းရူရွှယ်က "ရှင်က ဘာလို့ ကျွန်မအတွက် မနေပေးတာလဲ။ ကျွန်မကို စောင့်ရှောက်ဖို့ ကျွန်မနဲ့နေပေးဖို့‌ တောင်းဆိုတာက ရှင့်အတွက် တကယ်ကို ခက်ခဲနေတာလား? ရှင် တကယ်ပဲ သူ့(မ)ဆီကို ပြန်ချင်နေတာလား?!"

  လို့ရှီးယန်က နာကျင်မှုကို ခံစားနေရသော်လည်း သူမကို တွန်းမထုတ်ဘဲ အနည်းငယ် မျက်မှောင်ကြုတ်ကာ "မင်းသမီး..."

  ဒီဘွဲ့ထူးတစ်ခုက ယန်းရူရွှယ်ကို ထပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေမယ်လို့ ဘယ်သူက ထင်မှာလဲ??

"ကျွန်မကို မင်းသမီးလို့ မခေါ်နဲ့။ ရှင် ငယ်ငယ်က ကျွန်မကို ရွှယ်အာလို့ ခေါ်ခဲ့တာ။ ဘာလို့ အခုမှ ကျွန်မနဲ့ ပြတ်ပြတ်သားသား ခွဲခွာချင်နေရတာလဲ"

သူက သူမကို မင်းသမီးလို့ ခေါ်တိုင်း သူနဲ့ သူမ ဝေးကွာသွားတယ်လို့ ခံစားရတယ်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now