CH-76

1.1K 129 0
                                    

အခန်း ၇၆ ရယ်မောခြင်းနှင့်မျက်ရည်များကြားမှ...

  "ငါ......"

  ယန်းရူရွှယ်က စကားတစ်ခွန်းမှ မပြောဘဲ အချိန်အတော်ကြာအောင် တုန့်ဆိုင်းနေခဲ့သည်။ ရိုးရိုးသားသားပြောရရင် လှပတဲ့ မိန်းခလေးတစ်ယောက်က ကိုယ့်ရှေ့မှာ ရှက်ရွံ့နေတာကို မြင်ရတာက အခြားသူရဲ့စိတ်ကို ကြည်နူးမှုတွေနဲ့ ပြည့်နှက်သွားစေနိုင်သည်။ ကံမကောင်းစွာနဲ့ပဲ၊ ကျွော့ချင်းရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်နဲ့ဖြစ်နေတာကြောင့် သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး "တကယ်တော့ မင်းသမီးက ကျွန်မကို ဘာပြောချင်နေမှန်းတောင် မသိဘူးမလား?"

  ယန်းရူရွှယ်က မူလက ချီတုံချတုံ ဖြစ်နေခဲ့ပြီး ကျွော့ချင်း၏စကားကို ကြားပြီးနောက် သူမ၏မျက်နှာက ရုတ်တရက် ပြုံးလာကာ နူးညံ့သောလေသံဖြင့် ဖြည်းညင်းစွာ ပြောပြလာခဲ့သည်။ "သူနဲ့စတွေ့တုန်းက ငါက ငါးနှစ်ပဲရှိသေးတယ်။ ဒုတိယအစ်ကိုတော်က နောက်ပြောင်တက်တာကို မှတ်မိနေသေးတယ်။ အဲ့တုန်းက ငါ့ရဲ့ဒုတိယအစ်ကိုတော်က ငါအရမ်းကြိုက်တဲ့ ပိုးလက်ကိုင်ပုဝါလေးကို သစ်ကိုင်းပေါ်မှာ ချိတ်ဆွဲထားခဲ့လို့ ငါ အကြာကြီး ငိုအော်နေခဲ့တယ်။ နန်းတော် အစေခံတွေနဲ့ မိန်းမစိုးတွေက ဒုတိယအစ်ကိုတော် ဆူပူကြိမ်းမောင်းမှာကို ကြောက်တော့ ဘယ်သူမှ ငါ့ကို မကူညီရဲကြဘူး၊ အဲ့အချိန်မှာ သူပေါ်လာတယ်၊ သူ့ရဲ့သေးသွယ်တဲ့ပုံရိပ်က ငါ့မျက်လုံးတွေထဲကို ဝင်လာပြီး ငါ့နှလုံးသားထဲကို ရောက်သွားခဲ့တယ်၊ သူက ပိုးလက်ကိုင်ပုဝါကို ယူပေးပြီး ငါ့မျက်ရည်တွေကို သုတ်ပေးခဲ့တယ်။ အဲ့တုန်းက သူ့ရဲ့နူးညံတဲ့ အပြုံးက နွေးထွေးလွန်းတယ်၊ ငါ အဲ့တာကို ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး"

  ယန်းရူရွှယ်၏ မျက်နှာပေါ်ရှိ အမူအရာက အိပ်မက်ဆန်နေပြီး အေးချမ်းလွန်းနေခဲ့သည်။ သူမက သူမတည်ဆောက်ထားသော ချိုမြိန်ပြီးလှပတဲ့ ကမ္ဘာလေးမှာ လုံးလုံးနှစ်မြုပ်နေခဲ့သည်။ ကျွော့ချင်းရဲ့ မျက်လုံးတွေက အနည်းငယ် မှိန်ဖျော့သွားပေမယ့် သူမကို လုံးဝ မနှောင့်ယှက်ဘဲ သူမစကားတွေကိုသာ တိတ်တဆိတ် နားထောင်နေခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now