CH- 33

1.6K 188 6
                                    

အခန်း ၃၃ ကံဆိုးမှု (အပိုင်း ၃)

  ဓားပျံများအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို မြင်လိုက်ရတော့ လူကြီးက အလွန်ကြမ်းတမ်းသောအသံဖြင့် ရယ်မောရင်း သံကြိုးကို ပြန်ဆွဲကာ ကျွော့ချင်းကို ဘေးသို့ တွန်းထုတ်လိုက်သည်။ သူက ချမ်ကျင်းကို ပြုံးပြလိုက်ပြီး "လူဆိုးကောင်လေး၊ ငါ မင်းကို ငရဲဘုရင်နဲ့တွေ့ဖို့ လိုက်ပို့ပေးမယ်!"

  လူကြီးက ဘောလုံးကို ဝှေ့ယမ်းကာ ချမ်ကျင်းကို လှမ်းရိုက်လိုက်သည်။ ချမ်ကျင်းက ထိုင်ချလိုက်ပြီး ဘောလုံးကို ရှောင်တိမ်းကာ ကြွေကျနေသော သစ်ရွက်ခြောက်များကို တစ်ချက်ရွှေ့စေကာ သူ့ခြေရင်းမှ ဓားပါးလေးကို ကန်ထုတ်လိုက်သည်။

  လက်နက်များက ကိုင်ဆောင်ရန် လွယ်ကူလှသည်တော့ မဟုတ်ပေ။ လူကြီးက သံကြိုးကို ပြန်ဆွဲကာ သံလုံးကို ပြန်ရုပ်သိမ်းလိုက်သည်။ အန္တရယ်ဖြစ်နိုင်ချေများသောကြောင့် ချမ်ကျင်းက ကျွော့ချင်းကို "မြန်မြန်သွား!"

  ကျွော့ချင်းက သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားရင်း ဂူဝင်ပေါက်ဆီသို့ တရွေ့ရွေ့ လျှောက်သွားလိုက်သည်။ သူမ ပြန်ကြည့်လိုက်တော့ သံလုံး၏ တိုက်ခိုက်မှုကို တွန်းလှန်ရန်အတွက် ချမ်ကျင်းလက်ထဲရှိ ဓားပျံများအားလုံးကို အသုံးပြုပြီးသွားပြီ ဖြစ်သည်။ သံလုံးနဲ့ အကြိမ်ပေါင်းများစွာ အတိုက်ခိုက်ခံနေရပြီး အသတ်ခံရလုနီးပါး ဖြစ်နေသည်။ အခုန လွင့်ထွက်သွားသော ဓားပျံများက ဂူအပြင်ဘက်တွင် ငွေရောင်အလင်းတန်းများလို တောက်ပနေသည်။

 ကျွော့ချင်းက စေ့ဆော်မှု တဖျပ်ဖျပ်ပေါ်လာပြီး မြေပြင်ပေါ်ရှိ ဒါဇင်ပေါင်းများစွာသော ဓားပျံများကို ကောက်ယူကာ ဂူထဲသို့ ပြန်ပြေးသွားကာ ချမ်ကျင်းဆီသို့ ပစ်ပေးကာ "ချမ်ကျင်း ဖမ်းထား"

  ကျွော့ချင်းက ဤသို့ ပေါ်လာလိမ့်မည်ဟု ချမ်ကျင်းက ဘယ်သောအခါမှ မမျှော်လင့်ထားချေ။ သူ လှည့်ကြည့်လိုက်သောအခါတွင် ဓားများက သူတို့ဆီသို့ မိုးများလို ရွာချလာသည်။ ထိုလူကြီးက ပိတ်ဆို့ရန် သံကြိုးကို ထပ်မံ၍ ဝှေ့ယမ်းလိုက်သော်လည်း ကံမကောင်းစွာနဲ့ပဲ ချမ်ကျင်းက ဓားပျံများစွာကို ဖမ်းဆုပ်နိုင်နေပြီဖြစ်သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now