CH- 43

1.6K 207 8
                                    

  အခန်း ၄၃ ငါက ဘယ်သူလဲ?

  "မိန်းခလေးလား?" ရှရွှင်းစစ်က မျက်မှောင်ကြုတ်ကာ "ချုံယွဲ့မှာ အမျိုးသမီးစစ်ဆေးရေးမှူးရှိတာလား"

  ဒီစကားထွက်လာတာနဲ့ ခန်းမတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ဘယ်မိန်းခလေးက အလောင်းစစ်ဆေးမှုလုပ်ဖူးပြီး ဘယ်မိန်းခလေးက အလောင်းကို စစ်ဆေးရဲတာလဲ?

  မကောင်းတဲ့ ကြိုတင်သတိပေးချက်တစ်ခုက ကျွော့ချင်းရဲ့နှလုံးသားထဲမှာ ချက်ချင်းပေါ်လာပြီး သူမက မော့ဘိုင်ရဲ့မြင့်မားတဲ့သွင်ပြင် နောက်မှာ ကွယ်နေရင်း တိုင်တွေကြားထဲကနေ အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်လုနီးပါးပါပဲ။

လို့ရှီးယန်၏ မျက်လုံးများထဲတွင် ထူးဆန်းသည့်အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း ၎င်းက သေးငယ်လွန်းသဖြင့် မည်သူမျှ သတိမပြုမိပေ။

  ရှန်ယုလန်က ရှရွှင်းစစ်ရဲ့မေးခွန်းကို မဖြေဘဲ "တတိယမင်းသားပြောတာ ဟုတ်လား မဟုတ်ဘူးလား"

  ရှရွှင်းစစ်က ခဏလောက်စဉ်းစားနေပြီးမှ နောက်ဆုံးမှာ ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ပြီ၊ သူက မိန်းခလေးဖြစ်နေရင် ငါ မင်းကိုယ်စား စစ်ဆေးခွင့် ပေးနိုင်တယ်"

  ခိုင်လုံသောအဖြေကိုရပြီးနောက် ရှန်ယုလန်က ပြန်လှည့်လာပြီး လို့ရှီးယန်ရှိရာဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။ လို့ရှီးယန်က သူ့လက်ညိုးကို ပွတ်နေပြီး သူ့မျက်နှာက တည်ငြိမ်အေးဆေးနေပေမယ့် သူ့နှလုံးသားထဲတွင် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။ ငမိုက်သား!

  အားလုံးက ရှန်ယုလန် အလောင်းစစ်ဆေးဖို့ မိန်းခလေးတစ်ယောက်ကို ရှာနေတာကို စောင့်နေကြသည်။ မဟုတ်မှလွဲရော သူက မိန်းခလေးတစ်ယောက်ကို အလုပ်သင်အဖြစ် တိတ်တဆိတ် လက်ခံခဲ့တာလား? သူက လို့ရှီးယန်ကို ကျော်ဖြတ်သွားပြီး မျက်လုံးအပြာရောင်နဲ့ အရပ်ရှည်တဲ့ အမျိုးသားတစ်ယောက်ဆီ လျှောက်သွားပြီး ခေါင်းငုံကာ ညင်သာစွာ ပြောလိုက်သည်။ "ချင်းသခင်မလေး၊ ကျေးဇူးပြုပြီး မင်းသမီးလေးကို စစ်ဆေးပေးပါဦး"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now