CH-72

1.2K 132 7
                                    

အခန်း ၇၂ အတင်းအကျပ် လက်ထပ်ပေးခြင်း (၃)

"ဒီနေ့ အိုက်ကျားက မင်းတို့ကို ထိမ်းမြားခွင့်ပေးမယ်၊ အဲ့တာက ကောင်းတယ် မလား?"

အနောက်နန်းဆောင်မယ်တော်မိဖုရားကြီးက အမေးစကားပုံစံ ပြောနေပေမယ့် သူ့ထင်မြင်ချက်ကို မေးနေခြင်း လုံးဝ မဟုတ်ခဲ့ပေ။ သူမက သူ့ကို လက်ထပ်ပေးဖို့က ဒီည နန်းတော်ထဲကို ခေါ်ရခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်နိုင်သည်။

အဲ့တာတွေကို သူ မျှော်လင့်ထားပြီးသားမို့ လို့ရှီးယန်က မအံ့သြပါဘူး။ သူက ထိုင်နေရာမှ ထကာ ခန်းမအလယ်သို့ လျှောက်သွားလိုက်ပြီး လက်သီးများကို အုပ်ကိုင်ကာ အနည်းငယ် ဦးညွှတ်ကာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "မယ်တော်ကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုးမှာ ဇနီးရှိပြီးသားမို့ မင်းသမီးကို မပစ်မှားဝံ့ပါဘူး"

မယ်‌တော်မိဖုရားကြီးကလည်း သူ ဒီလိုပြောလာလိမ့်မယ်လို့ မျှော်လင့်ထားပြီးသားဖြစ်ကာ ချစ်ခင်တဲ့ အပြုံးနဲ့ အကြံထပ်ပေးလိုက်သည်။ "စိတ်မပူပါနဲ့၊ အိုက်ကျားက မစဥ်းစား မဆင်ခြင်တက်တဲ့လူ မဟုတ်ပါဘူး။ အိုက်ကျားလည်း အဲ့ကလေး ချင်းလင်ကို အရမ်းသဘောကျပါတယ်။ မကြာခင်မှာ ကောင်းချီးမင်္ဂလာပွဲ ကျင်းပတော့မှာပါဆိုတော့ အဲ့အခမ်းအနားပြီးရင် မင်းနဲ့ ရွှယ်အာရဲ့လက်ထပ်ပွဲကို အရင် စီစဉ်ပေးမယ်။ မင်းတို့ လက်ထပ်ပြီးရင် လင်အာကို အိမ်တော်ထဲကို ဝင်ခိုင်းလိုက်မယ်၊ သူ(မ)အတွက် နည်းနည်းလေး မှားနေတယ်လို့ ခံစားရနိုင်ပေမယ့် ရွှယ်အာရဲ့ စရိုက်ကို မင်း သိပါတယ်၊ ရွှယ်အာက သူ(မ)ကို အရှက်ရစေမှာ မဟုတ်ပါဘူး"

လို့ရှီးယန်၏ စိတ်နေစိတ်ထားအရ သူက အခြားမယားငယ် ထပ်ယူမည် မဟုတ်တာကြောင့် ရွှယ်အာက ဇနီးတစ်ယောက်နှင့် ကိုယ်လုပ်တော်တစ်ဦးရှိခြင်းကြောင့် အလွန်စိတ်မကောင်းဖြစ်မည် မဟုတ်ပေ။

"မယ်တော်မိဖုရားကြီးကို ပြန်ကြားတာကတော့ ကျွန်တော်မျိုးနဲ့ ချင်းလင်နဲ့ ထိမ်းမြားလက်ထပ်ဖို့ ကိစ္စကို မိသားစုအကြီးအကဲတွေဆီကို အကြောင်းကြားထားပြီးပါပြီ။ နန်းတော်ရဲ့အခမ်းအနားမှာလည်း သူ(မ)က ကျွန်တော်မျိုးရဲ့ဇနီးဆိုတာကို ဝန်ကြီးတွေရှေ့မှာ အသိပေးထားခဲ့ပြီးပြီ၊ နောက်တစ်ယောက်ကို ဘယ်လိုလက်ထပ်ရမလဲ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now