CH-67

1.3K 140 4
                                    

  အခန်း ၆၇ : အကျပ်အတည်း

  နွေနံနက်ခင်း၏အလင်းရောင်က ပြိုးပြိုးပြက်ပြက် လက်နေကာ ပြတင်းပေါက်မှတဆင့် ကုတင်ကန့်လန့်ကာများပေါ်သို့ တိုက်ရိုက်တောက်ပနေပြီ ဖြစ်သည်။ ကုတင်ပေါ်ရှိလူက သူမ၏ချိုမြိန်သော အိမ်မက်ကို ဆက်မက်ရန် ရည်ရွယ်ကာ ပိုးထည်ပုဝါကို ဆွဲယူကာ သူမ၏မျက်နှာကို ဖုံးထားလိုက်သည်။

  ဒုန်း... ဒုန်း... ဒုန်း... ဒုန်း ...

  ပြင်းထန်သော တံခါးခေါက်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး သူမက မကြားရအောင် နားရွက်ကိုလက်နဲ့အုပ်ထားပေမယ့် ထိုအသံများက ကျယ်လောင်လွန်းတာကြောင့် လျစ်လျူရှုဖို့ မဖြစ်နိုင်တော့ပေ။ ထို့ပြင် ရောက်လာသောလူက အလွန်ဇွဲကောင်းပုံရပြီး တံခါးခေါက်သံများက ပိုမိုကျယ်လောင်လာသည်။ ကျွော့ချင်းက ခပ်တိုးတိုး ကျိန်ဆဲလိုက်ပြီး သူမ၏ ချိုမြိန်သော အိပ်မက်မှ နိုးထလိုက်ရသည်။

 အဲ့လူကတော့ သေချင်နေလား မသိဘူး။ သူများရဲ့အိပ်မက်တွေကို နှောင့်ယှက်ဖို့ မနက်အစောကြီးရောက်လာတယ်။ ကျွော့ချင်းက မှုန်ရီဝေဝါးနေသောမျက်လုံးများဖြင့် တံခါးကိုဖွင့်ရန် ရုန်းကန်နေရသည်။

  တံခါးဖွင့်လိုက်သည်နှင့် သူမကို ခစားရန် လို့ရှီးယန် တာဝန်ပေးထားသည့် အစေခံမလေးဖေးအာထံမှ စိုးရိမ်တကြီး တောင်းပန်သံကို ကြားလိုက်ရသည်။ "တောင်းပန်ပါတယ် သခင်မ၊ ဒီအစေခံက တောင်းပန်ပါတယ်၊ ဒီမိန်းခလေးက သခင်မကို သတင်းပို့ရမယ့်အချိန်ကို စောင့်နေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်၊ သူ(မ)ကိုယ်တိုင် ဝင်တွေ့မယ်ဆိုပြီး ဇွတ်အတင်း ပြေးဝင်လာပါတယ်၊ တောင်းပန်ပါတယ် သခင်မ"

  "ရပြီ" ကျွော့ချင်းက သူမလက်ကို ဝှေ့ယမ်းပြလိုက်သည်။ တံခါးအပြင်ဘက်တွင် လေးနက်သောအမူအရာဖြင့် ရပ်နေသော ကုယွင်ကို မြင်လိုက်ရတာကြောင့် တစ်ခုခု ထပ်ဖြစ်လာတာကြောင့် သူမကို လာရှာမှန်း ကျွော့ချင်းက သိလိုက်သည်။ ကုယွင်၏စိတ်အားထက်သန်မှုကို ကြည့်လျှင် နောက်ထပ်လူသတ်မှုတစ်ခု ဖြစ်နေမှာကို စိုးရိမ်မိတော့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now