CH- 23

1.8K 195 7
                                    

အခန်း ၂၃ ထူးဆန်းသောရောဂါ (အပိုင်း ၂)

  သမားတော်ရန်က တုံ့ဆိုင်းနေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာကို မြင်တော့ ကျွော့ချင်းက ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းလိုက်သည်။ အားလုံး၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် ကျွော့ချင်းက သူမ၏ ခြေထောက်ကို မြှောက်ကာ ကုတင်ပေါ်သို့ တိုက်ရိုက် လှမ်းတက်လိုက်သည်။

သူမက ကုတင်အတွင်းဘက်သို့ တက်သွားကာ လို့ရှီးယန်ဘေးနားမှာ ဒူးထောက်တစ်ဝက်အနေအထားနဲ့ထိုင်လိုက်ပြီး သူ့ပုခုံးတွေကို ဆုပ်ကိုင်ကာ သူ့ကို ကူညီဖို့ ကြိုးစားပေမယ့် မထင်မှတ်ပဲ လို့ရှီးယန်က ပိန်နေပေမယ့် သူရဲ့ ကြွက်သားတွေက အရမ်းသန်မာပြီး လေးလံနေသည်။

  သူမ၏ ခွန်အားကို အသုံးမချနိုင်တော့တဲ့ ကျွော့ချင်းက မော့ဘိုင်ကို "မျက်လုံးပြာ၊ သူ့ကို ထထိုင်နိုင်အောင် ကူညီပေးပါ"

 မော့ဘိုင်က မသေချာ မရေရာသောအရိပ်အမြွက်ဖြင့် သူမကို အေးစက်စွာ စူးစူးရဲရဲစိုက်ကြည့်နေကြောင့် ကျွော့ချင်းက စိတ်မရှည်စွာ အော်ဟစ်တော့သည်။ "မင်း သူ့ကို မသေစေချင်ရင် မြန်မြန်လုပ်!"

  မော့ဘိုင်က ခဏတုံ့ဆိုင်းသွားပြီးနောက် လို့ရှီးယန်ကို ကူညီလိုက်ပြီး လို့ရှီးယန်က ထိုင်နိုင်သွားသည်။ ကျွော့ချင်းက ဝတ်ထားသောအဝတ်အစားများကို ဆုတ်ဖြဲကာ လက်တစ်ဖက်ဖြင့် ကျောကိုပွတ်ပေးနေရင်း အခြားတစ်ဖက်နှင့် သူ့ရင်ဘတ်ကို တိုက်ရိုက်ထိလိုက်သည်။ လို့ရှီးယန်က ကျွော့ချင်း၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး သူ၏ သွယ်လျသော မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်း ကျွော့ချင်းက တခဏတာ မှင်တက်သွားသည်။ ထိုမျက်လုံးများက တစ်ခါတစ်ရံ နွေဦးလေညင်းကဲ့သို့ဖြစ်နေတက်ပြီး၊ တစ်ခါတစ်ရံ ကောက်ကျစ်စဉ်းလဲပြီး တွက်ချက်တတ်သည်။ နက်နဲမှုက သူမကို ထိတ်လန့်စေခဲ့သည်။ သူ့နဖူးမှ စီးကျလာသော ချွေးများက သူ့ပါးပြင်တလျောက် လျှောကျလာပြီး ကျွော့ချင်း၏လက်မောင်းပေါ်တွင် ရွှဲနစ်သွားလေသည်။ သူမ၏လက်က တုန်ခါနေကာ သူ့လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူ့လက်က နေ့ဘက်တွင် အေးစက်နူးညံ့သောလက်နှင့် မတူတော့ပေ။ ထိုလက်များက အလွန်သန်မာနေပြီး လက်ဖဝါးများက မီးကဲ့သို့ ပူနေသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now