CH- 58

1.4K 166 4
                                    

အခန်း ၅၈ မတော်တဆမှု

  ကျွော့ချင်းက မျက်မှောင်ကြုတ်နေပြီး ရှန်ယုလန်က သူမရဲ့အမူအရာကို တိတ်တဆိတ်စောင့်ကြည့်နေကာ ခဏလောက်စဉ်းစားလိုက်ပြီး "မင်း သူ့ကိုသိလား"

  ကျွော့ချင်းက ရှန်ယုလန်၏ စူးစမ်းသော အကြည့်ကို တွေ့လိုက်ပြီး ခေါင်းညိတ်ပြကာ အနည်းငယ် ဝေ့လည်ကြောင်ပတ် ပြန်ပြောလိုက်သည်။ "ကျွန်မ သူ့ကို နှစ်ကြိမ်ပဲ တွေ့ဖူးတယ်။ သူ ဒီလို လက်နက်မျိုးနဲ့ ဆော့နေတာကို မြင်ဖူးတယ်"

ငါ လိမ်ပြောတာ မဟုတ်ဘူးနော်...

အဲ့ နှစ်ကြိမ်လုံးမှာ ချမ်ကျင်းက သူမအသက်ကို ကယ်ဆယ်ခဲ့သော်လည်း သူမက ထိုအကြောင်းကို ရှန်ယုလန်ကို အသိပေးရန် အစီအစဉ် မရှိပေ။ ထို့အပြင် သူမက ရာဇ၀တ်မှုကျူးလွန်သူနှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိပါက ရှန်ယုလန်က သူမ၏ ကျွမ်းကျင်သော စီရင်ချက်ကို မေးခွန်းထုတ်လာမည်ဖြစ်သည်။

  ကျွော့ချင်းက သူမလက်ထဲမှ ဓားပါးလေးကို ကြည့်ပြီး ပေါ့ပေါ့တန်တန် မေးလိုက်သည်။ "သူက သတင်းမုဆိုးလို့ ကျွန်မ ကြားဖူးတယ်၊ သေဆုံးသူက တရားရုံးက ရာဇဝတ်ကောင်ဖြစ်နေတာလား"

တရားရုံးက ရာဇ၀တ်သားဖြစ်နေခဲ့ရင် ဖမ်းဆီးခံဖို့ ငြင်းဆန်နေတာကြောင့် အသတ်ခံရတာဖြစ်နိုင်တယ်လေ။ ချမ်ကျင်းက သတင်းမုဆိုးဖြစ်တာကြောင့် ကြီးလေးသော ရာဇ၀တ်မှုမဖြစ်သင့်ပေ။

  ရှန်ယုလန်က ကျွော့ချင်း၏အမူအရာကို အာရုံစိုက်နေပြီး "မဟုတ်ဘူး၊ ကွယ်လွန်သူက စစ်သူကြီးအိမ်တော်ရဲ့အစောင့်တပ်ဖွဲ့က လက်ထောက်အဖွဲ့မှူးပါ"

  စစ်သူကြီးအိမ်တော်လား? ဘာလို့ စစ်သူကြီးအိမ်တော်နဲ့ ဆက်စပ်နေတာလဲ?? ချမ်ကျင်းက အမှန်တကယ် ကျူးလွန်ဖို့ ရည်ရွယ်ချက်မရှိရင်တောင် စစ်သူကြီးအိမ်တော်က ခွင်မလွှတ်ဘူးဆိုရင် ချမ်ကျင်းက သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

 ကျွော့ချင်းက ချမ်ကျင်း၏ အခြေအနေကို ပို၍ပင် စိုးရိမ်လာသည်။ ရှန်ယုလန်ထံမှ ဖုန်းကွယ်ထားရန် မဖြစ်နိုင်တာကို သိလိုက်တာကြောင့် ကျွော့ချင်းက "အမှုကို ပြောပြပေးနိုင်မလား?"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now