CH- 36

1.7K 187 2
                                    

အခန်း ၃၆- ပွဲတက်ရောက်ခြင်း

   ည၏အစတွင် နေရောင်ခြည်က ၎င်း၏အနွေးဓာတ်ကို အပြည့်အဝ မပေးနိုင်တော့သော်လည်း မပျောက်ကွယ်သွားသေးဘဲ တောက်ပသောလရောင်က ခပ်ဖျော့ဖျော့ထွက်ပေါ်လာခဲ့သည်။ ဟွမ်းယန်မြို့တော်၏ ရှုပ်ထွေးပွေလီသော နေ့လယ်ခင်းက ပျောက်ကွယ်သွားပြီး မြို့တော်၏ထူးခြားခန့်ညားသော အရိပ်အယောင်များကို ဖော်ပြနေသည်။ တော်ဝင်နန်းတော်ကို သွားတဲ့လမ်းမှာ ဝေါယဥ်တွေနဲ့ ရထားလုံးတွဲတွေက အဆုံးမရှိ စီးမျောနေခဲ့ပြီး ဒီည နန်းတော်မှာ ခမ်းနားတဲ့ ပွဲတစ်ပွဲရှိကြောင်း ပြသနေသည်။

  အဓိကလမ်းမပေါ်တွင် ရထားလုံးတွဲများစွာရှိနေသော်လည်း ၎င်းတို့အနက်မှတစ်ခုက ကွဲပြားနေပြီး လူအများ၏အာရုံကို ဖမ်းစားနိုင်နေသည်။ ထိုရထားလုံးက အနီရောင်ရင့်ရောင်ကိုယ်ထည်ရှိပြီး နှစ်ဘက်စလုံးတွင် ပိုးချောနှင့်ဖဲသားဖြင့်ပြုလုပ်ထားသော တိမ်တိုက်ပုံစံ ရွှေချည်ပန်းထိုးများပါရှိသည့် ကန့်လန့်ကာများ တပ်ဆင်ထားသည်။ မြင်းလေးကောင်တွင်လည်း အလားတူ ဆင်ယင်ထားကာာ ရွှေရောင်တလက်လက် တောက်ပနေသည်။ ၎င်း၏ လှပမှုက အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သည့် အဓိက အကြောင်းရင်း မဟုတ်သေးဘဲ ဖြတ်သန်းသွားသော ရထားလုံးတွဲနှင့် ဝေါယဥ်တိုင်းက အရှိန်လျော့ချလိုက်ကာ ဘေးချင်းယှဉ် လျှောက်လှမ်းဝံ့သူ မရှိပေ။ အတိအကျပြောရရင် ထိုရထားလုံး၏ပိုင်ရှင်က ယနေ့ချုံယွဲ့တွင် လူတစ်သောင်းထက်သာလွန်ပြီး သူ့လက်အောက်မှာ လူထောင်ပေါင်းများစွာရှိတဲ့ ဝန်ကြီးချုပ် လို့ရှီးယန်ကလွဲပြီး အခြားသူ မဟုတ်ပေ။

  "ဒါက အဆင်ပြေတာ သေချာလား" ကျွော့ချင်းက ရထားကို ကိုယ်တဝက်မှီကာ မျက်လုံးမှိတ်ထားသော လို့ရှီးယန်ကို ကြည့်လိုက်ပြီး ထူးဆန်းတဲ့ ဦးထုပ်ကို ဆွဲချလိုက်သည်။ ဒီမီးခိုးရောင်၀တ်စုံက မိန်းမစိုးများ၏ အနိမ့်ဆုံးဝတ်စုံဖြစ်သည်။ ဦးထုပ်ကြီးကြီးက သူမမျက်နှာကို ဖုံးအုပ်ထားပြီး စိတ်မသက်မသာဖြစ်စေကာ ရုပ်ဆိုးစေပေမယ့် ကောင်းတာက သူမမျက်နှာကို ဦးထုပ်အစွန်းနဲ့ ဖုံးထားတာကြောင့် သူမမျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now