CH- 86

1K 132 2
                                    

အခန်း ၈၆ အမှားကို လက်ခံ... အမှန်ပြင်ဆင်

  လို့ရှီးယန်နှင့် ကျွော့ချင်းတို့ လန်ယွဲ့အဆောင်မှ ထွက်ခွာလာသောအခါတွင် ဝန်ကြီးချုပ်အိမ်တော်ရှိ အစောင့်များက လမ်းကြောင်းများစွာမှ ပြေးထွက်လာကာ ရှီးဝူနေထိုင်သော ခြံဝင်းကို စနစ်တကျ ဝိုင်းရံထားလိုက်ကြသည်။ လူနှစ်ယောက်၏ နှလုံးသားများမှ ကြိုတင်သတိပေးချက်က တစ်စုံတစ်ရာကောင်းမွန်ခြင်း မရှိတော့ဘဲ အပြန်အလှန် နားလည်မှုဖြင့် လို့ရှီးဝူ၏ခြံဝင်းဆီသို့ ပြေးသွားခဲ့ကြသည်။ 

 ခြံဝင်းထဲသို့ ဝင်လိုက်သောအခါတွင် ကျင်းစက ခြံဝင်းထဲမှ ခုန်ထွက်လာသော အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် မီးခိုးရောင် ၀တ်စုံဝတ်ဆင်ထားသော အမျိုးသားနောက်ကို ပြေးလိုက်လာသည်ကို တွေ့လိုက်ရပြီး အစောင့်အကြပ်များစွာကလည်း သူ့နောက်ကို လိုက်ပါသွားခဲ့သည်။ လို့ရှီးယန် အစိုးရိမ်ဆုံးက လို့ရှီးဝူ၏ လုံခြုံရေးဖြစ်ပြီး သူမ၏အခန်းတံခါးက ပွင့်နေတာကို တွေ့လိုက်ရတာကြောင့် လူသတ်သမားက ထိုအခန်းထဲသို့ဝင်သွားမှာ သေချာနေသည်။

ရှီးဝူ... သူတို့၏နှလုံးသားများက လည်ချောင်းထဲသို့ ခုန်ထွက်လာပြီး ခန်းဆီးကို ကျော်ဖြတ်ကာ အတွင်းခန်းထဲသို့ ပြေးဝင်သွားကြသည်။ အခန်းထဲမှ ကုတင်ပေါ်တွင် လို့ရှီးဝူက မလှုပ်မယှက် သေသေသပ်သပ် လှဲလျောင်းနေပြီး သူမ၏ အပေါ်ပိုင်းအဝတ်ကို လုံးဝချွတ်ပစ်ထားပြီး ကျန်နေသောအရာမှာ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ဖုံးအုပ်ထားသည့် ပန်းရောင်အဝတ်အစားတစ်ခုသာ ဖြစ်နေသည် တွေ့လိုက်ရသည်။ သူမအတွင်းဝတ်၏ ကြိုးထုံးကိုလည်း ဖြုတ်ချထားပြီး သူမ၏ ရင်ဘတ်ပေါ်တွင် ထောင့်ဖြတ်အနေအထားအတိုင်း ပြန်တင်ထားသည်။ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်း၌ အဖြူရောင်အတွင်းဝတ်ဘောင်းဘီရှည် ရှိနေပြီး သူမခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိသလို အခန်းထဲတွင်လည်း သွေးနံများ စွန်းထင်းနေခြင်းလည်းမရှိဘဲ စန္ဒကူးနံလေးများသာ သင်းပျံနေသည်။

  လို့ရှီးဝူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ မရှိတာကြောင့် နှစ်ယောက်လုံး အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now