CH- 40

1.6K 197 11
                                    

အခန်း ၄၀၊ နန်းတော်ဧည့်ခံပွဲ (၄)

  တကယ်လို့ အဲ့တာက အဖော်အချွတ်အကဆိုရင်တော့ ကျွော့ချင်းက အလွန်စိတ်ဝင်စားနေပေလိမ့်မည်။ ကျွော့ချင်းက ရွှေရောင်ကော်ဇောထက်ကို စိတ်ဝင်တစားနဲ့ သေသေချာချာစိုက်ကြည့်နေသည်။ မိန်းမလှလေးက သူမ၏ခါးပတ်ကို ဖြည်းညှင်းစွာ ချွတ်ကာ သူမ၏၀တ်ရုံ ဆွဲတင်လိုက်သည်။ သူမ၏လှုပ်ရှားမှုများအပြီးတွင် လှပသောအင်္ကျီအဝတ်အစားများက တိတ်တဆိတ် လျောကျသွားကာ ကြက်သွေးရောင်တောက်တောက် ပိုးသားဂါဝန်ရှည်လေး ပေါ်လွင်လာသည်။ ပါးလွှာတဲ့ ဝတ်စုံက ကြော့ရှင်းနေပြီး စွဲမက်ဖွယ်ကောင်းရုံသာမကဘဲ သူမရဲ့ လှပတဲ့ ကောက်ကြောင်းကို လူတိုင်းရဲ့ မျက်လုံးတွေထဲမှာ ပေါ်လွင်နေစေသည်။

  အမျိုးသမီးလေးက အလယ်ဗဟိုသို့ လှလှပပ လျှောက်လာကာ ပြတ်သားတဲ့ အပြုံးလေးနဲ့ "ဂီတပညာရှင်ကြီး... ကျေးဇူးပြုပြီး သီချင်းတစ်ပုဒ်လောက် တီးခတ်ပေးပါ။ ဗုံကိုပဲ တီးပေးပါ၊ အခြားတူရိယာတွေ မလိုပါဘူး"

 အမျိုးသမီးလေးက ယန်းဟုန်ထျန်းကို ဦးညွှတ်ပြီးနောက် သူမ၏အင်္ကျီလက်ဝမှ အနီရောင်တောက်တောက် ဖဲကြိုးတစ်ချောင်းကို ထုတ်ယူပြီး သူမ၏လက်ထဲတွင် ကိုင်ထားသည်။ ဖဲကြိုးက ဆန့်လိုက်လျှင် အရှည်တစ်မီတာခန့်ရှိသော်လည်း အလွန်ပါးလွှာသည်။

  ကျွော့ချင်းက အနည်းငယ် စပ်စုချင်နေမိသည်။ ဖဲကြိုးက ပိုပါးလေလေ လှိုင်းထရန် ခက်ခဲလေလေဖြစ်ပြီး ဤအမျိုးသမီးလေးက အားနည်းနေပုံရကာ လှိုင်းထအောင် လှုပ်ခါနိုင်ပါ့မလား?

  ကျွော့ချင်း တွေးနေတုန်းမှာဘဲ ဂီတသမားရဲ့ အပြင်းအထန် တီးခတ်လိုက်သံနဲ့အတူ မိန်းမလှလေးက ပေါ့ပေါ့ပါးပါး ခုန်ပျံတက်သွားသည်။ သူမရဲ့ လက်ထဲက ဖဲကြိုးကလည်း အသက်ဝင်နေသလိုပါပဲ။ ကခုန်နေရင်း သူမရဲ့ တောက်ပပြီး ထက်မြက်တဲ့ ကြောင်မျက်လုံးလေးတွေက ရံဖန်ရံခါ ယန်းဟုန်ထျန်းဆီသို့ လွင့်မျှော့နေသည်။ . မြွေတစ်ကောင်လို ပျော့ပျောင်းစွာ တွန့်လိမ်နေသော သူမ၏ခါးနှင့်အတူ သူမလက်ထဲမှ ဖဲကြိုးရှည်က ကျက်သရေရှိစွာ လုပ်ရှားနေပြီး သူမက စည်းချက်ကျကျ ပေါ့ပေါ့ပါးပါး ကခုန်နေသည်။ အထူးသဖြင့် သူမ ခုန်လိုက်တိုင်း ဗုံသံထွက်လာပြီး၊ သူမက ဗုံတစ်မျိုးထဲနဲ့ သူမရဲ့ဒီအကကို ဒီလိုအဆင့်အထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now