CH- 42

1.6K 194 15
                                    

အခန်း ၄၂၊ နန်းတော်ဧည့်ခံပွဲ အပိုင်း (၆)

အရပ်ရှည်ပြီး သန်မာတဲ့ အစောင့်နှစ်ယောက်က ချင်းလင်ကို မြေပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း တွန်းချလိုက်တာကြောင့် သူမ၏သွယ်လျသော လက်မောင်းများက ကျိုးလုမတတ် ဖြစ်သွားသည်။ ချင်းလင်က သူမ၏ တင်းတင်းစေ့နေအောင် အံကြိတ်ထားပြီး သူမ၏ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးလို လျှော့ချလိုက်သော်လည်း အသနားခံဖို့ မကြိုးစားခဲ့ပေ။ သူမက အေးစက်စက်အသံနဲ့ ကျယ်ကျယ်လောင်လောင်သော အော်နေခဲ့သည်။ "အဆိပ်ကို ငါ မထည့်ဘူး"

  သူမလက်တွေကို လိမ်ချိုးလို့ ကျိုးသွားရင်တောင် သူမ ဝန်ခံမှာ မဟုတ်ပါဘူး!

  နာကျင်မှုကြောင့် သူမ၏ မျက်နှာက ဖြူဖျော့သွားကာ သူမ၏ နှုတ်ခမ်းများကို ကိုက်ထားတာကြောင့် သွေးထွက်နေပြီဖြစ်သည်။

  ကြမ်းပြင်ပေါ်တွင် ခေါင်းမာသော်လည်း အရှက်ခွဲမှု့ကို သည်းမခံနိုင်ဖြစ်နေသော အမျိုးသမီးကို ကြည့်ရင်း ကျွော့ချင်း၏ မျက်လုံးများက စိုးရိမ်ပူပန်မှုများနှင့် စူးစူးရဲရဲ တောက်လောင်လာသည်။ သူမက ခြေတစ်လှမ်းကို ရှေ့သို့ လှမ်းလိုက်သောအခါတွင် သူမကို လုံးဝ လျစ်လျူရှုထားပုံရတဲ့ မော့ဘိုင်က သူမထက် ပိုမြန်နေပြီး သူမကို ရှေ့သို့မသွားစေရန် ဟန့်တားလိုက်သည်။

  ကျွော့ချင်းက တုံ့ဆိုင်းနေပြီးမှ ဘယ်ဘက်သို့ အနည်းငယ် ရွှေ့လိုက်သည်။ မော့ဘိုင်က သူ့နောက်ကျောမှာ မျက်စိရှိနေသကဲ့သို့ အလွန်လျှင်မြန်စွာ ရွေ့လျားလာပြီး သူမ၏လမ်းကြောင်းကို ထပ်မံပိတ်ဆို့လိုက်သည်။ ထိုကဲ့သို့ ခနခနဖြစ်ပြီးနောက် ကျွော့ချင်းက စိတ်ဆိုးသွားကာ မော့ဘိုင်ကို တွန်းထုတ်တော့မည်ပြင်နေချိန်တွင် တောင်ကဲ့သို့ တည်ငြိမ်စွာထိုင်နေသော လို့ရှီးယန်က သူမကို ရုတ်တရက် လှည့်ကြည့်လာသည်။

  ကျွော့ချင်းက မော့ဘိုင်၏ပုခုံးများကို ကျော်ကြည့်လိုက်ရာ လို့ရှီးယန်၏နက်နဲတည်ငြိမ်သော မျက်လုံးများနှင့် တွေ့ဆုံလိုက်ရပြီး သူက သူမကို နက်ရှိုင်းစွာကြည့်ကာ မသိမသာ ခေါင်းခါပြလိုက်သည်။ ကျွော့ချင်းက ထိုသွယ်လျသော မျက်လုံးများထဲတွင် သူမစိတ်ကို အေးချမ်းစေသော ခံစားချက်တစ်မျိုးကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် ကျွော့ချင်းက ထိုစွမ်းအားကြောင့် ရပ်တန့်သွားခဲ့သည်။ သူမက သူမနောက်မှ ကျောက်တိုင်ကို ဖြည်းညင်းစွာ ပြန်မှီနေလိုက်သည်။ သူမရဲ့စိတ်က နည်းနည်းတော့ ရှုပ်ထွေးနေပြီး သံသယများနှင့် ပြည့်နှက်နေခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now