CH-70

1.2K 137 0
                                    

  အခန်း ၇၀ အတင်းအကျပ် လက်ထပ်ပေးခြင်း (အပိုင်း ၁)

  ကျွော့ချင်းနှင့် ကုယွင်တို့က တိတ်ဆိတ်သောလမ်းပေါ်တွင် ဘေးချင်းယှဉ် လမ်းလျှောက်နေကြသည်။ လန်းဆန်းအေးမြသော ညလေညင်းက ငြိမ့်ညောင်းစွာ တိုက်ခိုက်နေကာ လူများကို အလွန်သက်တောင့်သက်သာရှိစေသည်။ တောက်ပသော လရောင်ကို တိမ်များက ဖုံးလွှမ်းသွားတာကြောင့် အလင်းရောင် အနည်းငယ် မှေးမှိန်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျွော့ချင်းက ရုတ်တရက် "ယွင်"

  "ဟင်?" ကုယွင်က အသံပြန်ပြုလိုက်ကာ သူမပြောလာမည့်စကားကို စောင့်နေသည်။

  နောက်အခိုက်အတန့်တစ်ခုစာလောက် တိတ်ဆိတ်သွားပြီးနောက် ကျွော့ချင်းက နောက်ဆုံးတွင် ရယ်မောလာကာ "ငါ... လို့ရှီးယန်ကို လက်ထပ်တော့မယ်"

  "တကယ်လား?" ကုယွင်ရဲ့ ခြေလှမ်းတွေ တုံ့ဆိုင်းသွားပြီး ပြုံးလိုက်ကာ "သုံးလတောင် မပြည့်သေးဘူး၊ နင့်ရဲ့ အိမ်ထောင်ရေးက တကယ်ကို မြန်ဆန်လွန်းတယ်"

  ကျွော့ချင်းက မျက်ခုံးကို အနည်းငယ်ပင့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ မြန်မြန်ဆန်ဆန် ဖြစ်သွားလိမ့်မည်ဟု သူမလည်း မမျှော်လင့်ထားခဲ့ပေ။

  ကျွော့ချင်း၏ မျက်ခုံးမွှေးများကြားမှ ဖုံးကွယ်၍မရသော ပျော်ရွှင်မှုကြောင့် ကုယွင်က သူမ တကယ်ချစ်မိသွားကြောင်း သဘောပေါက်သွားခဲ့သည်။ လို့ရှီးယန်က အလွန်ကြည့်ကောင်းပြီး ချင်းနှင့်လိုက်ဖက်သော်လည်း လက်တွေ့ပြဿနာတစ်ခုရှိနေသေးသည်။ သူမက ချင်းကို ရေအေးတဲ့ မလောင်းချင်ပေမယ့် မေးစရာရှိတာကိုတော့ မေးလိုက်သေးသည်။ ကုယွင်က "ငါ့မှာ မေးခွန်းတစ်ခုရှိတယ်၊ ငါတို့ ပါကွာ့စက်ဝိုင်းကို ရှာတွေ့ရင် ပြန်သွားလို့ရပြီ၊ နင် ပြန်သွားမှာလား?? နေခဲ့မှာလား??? နင် စဉ်းစားဖူးလား?? ရွေးချင်လို့ရရင်တော့ အဆိုးဘူး၊ ဒါပေမယ့် ဘာမှန်းမသိလိုက်ပဲနဲ့ အရင်ဘဝကို ပြန်ရောက်သွားရင်ရော၊ ငါ အဲ့တာကိုတော့ စိုးရိမ်နေသေးတယ်၊ နင် အဲ့တာတွေကို ရှင်းရှင်းလင်းလင်း တွေးပြီးပြီလား"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now