CH- 21

1.8K 195 1
                                    

အခန်း ၂၁ အပြန်အလှန်ထိုးနှက်ချက်

  ကျွော့ချင်းတစ်ယောက် အံ့သြနေတုန်း အဆောက်အဦးငယ်လေး၏ တံခါးက ရုတ်တရက်ပွင့်လာပြီး...

တံခါးအတွင်းမှ မော့ဘိုင်၏အရပ်ရှည်သော အသွင်အပြင် ပေါ်လာပြီး သူ့မျက်နှာက ဘာမှမထူးခြားသလို အေးစက်နေသည်။ သူက အသက်သုံးဆယ်ကျော် အရွယ်အမျိုးသမီးတစ်ယောက်ကို အပြင်ထွက်ရန် တောင်းဆိုနေသည်။ အမျိုးသမီးက တုံ့ဆိုင်းနေသော အကြည့်ဖြင့် မကြာခဏ နောက်သို့ လှည့်ကြည့်နေသည်။ မော့ဘိုင်၏ ထူထဲသော ပုခုံးများက သူမ၏ အမြင်အာရုံ ပိတ်ဆို့ထားသည်။ သူမ၏နောက်တွင် အစိမ်းရောင်အဝတ်အစားကို ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးက စိုးရိမ်သောကဖြစ်နေသော မျက်နှာဖြင့် အဆောက်အအုံငယ်လေးမှ ထွက်လာခဲ့ပြီး တံခါးက တင်းတင်းကျပ်ကျပ် ပြန်ပိတ်သွားသည်။

  အဘိုးကြီး ထွက်လာတာကိုမြင်တော့ လို့ရှီးဝူက သူ့ကို ချက်ချင်း နှုတ်ဆက်လိုက်ပြီး "ရန်သမားတော်၊ ငါ့အစ်ကို အဆင်ပြေလား"

  သမားတော်ရန်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်ကာ "ဝန်ကြီးချုပ်ရဲ့ ရောဂါဟောင်းက အရင်နှစ်တွေကထက် စောပြီး ပြန်ဖြစ်လာတယ်၊ ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ပိုပြီး ပြင်းထန်လာတယ်။ ကျွန်တော်တောင် မလုပ်နိုင်တော့ဘူး။ အခု ဝန်ကြီးချုပ်ကို သူ သုံးနေကျဆေးကို ပေးခဲ့တယ်။ အရင်နှစ်တွေက ပိုပြင်းထန်တာကြောင့် တခြားတော်ဝင်သမားတော်တွေနဲ့ တိုင်ပင်ရမှာပါ၊ ခနတော့ စောင့်ပေးပါ၊ သေချာစဉ်းစားပြီးမှ ဆေးအသစ်ကို ထပ်အသုံးပြုရပါမယ်"

  သမားတော်ရန်ရဲ့စကားကို ကြားတော့ အခုနစိတ်အနှောက်အယှက်တွေ ပြည့်နှက်နေတဲ့ အမျိုးသမီးက "ကံကောင်းထောက်မစွာနဲ့ပဲ မင်းသမီးလေး ဒီနေ့ ဆေးထပ်ပို့ပေးထားတယ်၊ တစ်ယောက်ယောက်လာစမ်း၊ မြန်မြန်ဆေးထပ်ကျိုရအောင်!"

  "ဟုတ်ကဲ့" အနားတွင်ရပ်နေသော အစေခံက အလျင်စလိုပြန်ဖြေပြီး ခြံဝင်းထဲမှ အမြန်ထွက်သွားသည်။

သမားတော်ရန်က နောက်ပြန်လှည့်လိုက်ပြီး သူ့နောက်က လူငယ်နှစ်ယောက်ကို တိုးတိုးလေးနဲ့ "မင်းတို့နှစ်ယောက် သမားတော်လျို၊သမားတော်ဖူနဲ့ သမားတော်လီတို့ကို ဝန်ကြီးချုပ်အိမ်တော်တော်ဆီကို မြန်မြန်လာခိုင်းလိုက်!" တကယ်လို့ လို့ရှီးယန်သာ မတော်တဆ ပျောက်ကွယ်သွားခဲ့ရင် ဧကရာဇ်က ဒေါသထွက်ပြီး သူတို့ကအတူတူ မြှုပ်နှံခံရမည့်သူများ ဖြစ်သွားမည်ပင်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now