အခန်း ၈၀ မတော်တဆမှု
ချင်းရွှယ်နန်းတော်ခန်းမတွင်....
သစ်သားထွင်းထားသော ပြတင်းပေါက်၏အပြင်ဘက်တွင် လှပသော သစ်တော်သီးပင်တန်းများ ရှိနေသည်။ ကံဆိုးစွာနဲ့ပဲ ပန်းပွင့်ချိန်ကျော်လွန်သွားတာကြောင့် လှပတဲ့သစ်တော်သီးပွင့်များကို မမြင်နိုင်တော့ပေ။ သို့ပေမယ့် စိမ်းလန်းနေသော အရွက်များကြားထဲတွင် မမှည့်သေးသောအသီးစိမ်းလေးတွေကို ယောင်ဝါးဝါး မြင်နေရသည်။
ပြတင်းပေါက်အတွင်းတွင် လှပသောပုံရိပ်တစ်ခုက ကုတင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး မျက်လုံးများက အပြင်ဘက်မှ သစ်တော်ပင်ကို စိုက်ကြည့်နေခဲ့သည်။ သူမ၏လှပသော မျက်လုံးများထဲတွင် သူမ ဝမ်းနည်းနေလား၊ ဒေါသထွက်နေလား၊ ဒါမှမဟုတ် စိတ်မကောင်းနေလား ဘာကိုမှ မမြင်နိုင်ပေ။ အခန်းထဲမှ ပန်းနုရောင်ဖျော့ဖျော့ ကန့်လန့်ကာစတွေက လေနုအေးနဲ့ အတူ ဆော့ကစားရင်း နူးညံ့စွာ ပျံလွင့်နေပေမယ့် မည်သူမျှ ခံစားနိုင်ခြင်းမရှိပေ။
အခန်းထဲက ကြမ်းပြင်ပေါ်မှာ နေရာအနှံ ဒူးထောက်ထိုင်နေတဲ့ အစေခံတွေရဲ့ လက်နှစ်ဘက်မှာ အရသာမျိုးစုံလှတဲ့အစားအသောက်တွေကို ကိုင်ဆောင်ထားပေမယ့် မိန်းခလေးကတော့ ပြတင်းပေါက်အပြင်ကိုသာ လှမ်းငေးကြည့်နေခဲ့သည်။
ဒါက ဘယ်နှစ်ရက်ရှိပြီလဲ?? မင်းသမီးလေးက ဝန်ကြီးချုပ်အိမ်တော်ကနေ ပြန်လာကတည်းက ဒီလိုမျိုးဖြစ်နေတာ။ သူမက ငိုယိုခြင်း ဆူညံခြင်းများ မရှိတော့ဘဲ စကားလည်း မပြောတော့ပေ။ အစားအသောက်ကျွေးလျှင် ကျွေးသမျှကို စားရိုက်ရုံသာဖြစ်ပြီး တစ်ခါတရံ ဝါးတောင်မစားဘဲ မျိုချလုနီးပါး ဖြစ်နေတက်သည်။ ရှောင်လျန်က သူမရဲ့အခြေအနေကြောင့် မာသောအစားအစာများကို မယူလာရဲဘဲ ဂျင်ဆင်းဟင်းချိုကိုသာ သူမပါးစပ်နားသို့ ကပ်ပေးလိုက်ရင်း ဝမ်းနည်းမှုကြောင့် စို့နင့်လာကာ "မင်းသမီးလေး၊ ဂျင်ဆင်းဟင်းချိုလေး သောက်လိုက်ပါဦး"
ယန်းရူရွှယ်၏ မျက်လုံးများက ပြတင်းပေါက်ကိုသာ စိုက်ကြည့်နေပြီး သူမ၏ ပါးစပ်ကို မသိစိတ်ကြောင့် ဖွင့်ပေးလိုက်ပြီး သူမ ပါးစပ်ထဲသို့ ရောက်လာသော အရာကို မျိုချလိုက်သည်။ အနည်းငယ် ကြာပြီးနောက် ရှောင်လျန်က နောက်ထပ် မကျွေးဝံ့တော့ပေ။ မင်းသမီးလေးက သူမ ကျွေးသလောက်ကို ဆက်စားနေခဲ့ရင် ခဏအကြာမှာ အန်ထွက်လာနိုင်သည်။ ယခင်က လှပသော မျက်နှာလေးက ယခုအခါ အရေခွံနှင့် အရိုးများသာ ကျန်ရှိနေတော့သည်။
YOU ARE READING
နာကြည်းမှုတွေ လွင့်ပျယ်စေ...
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)"