CH- 34

1.6K 197 3
                                    

  အခန်း ၃၄ ၊ နောက်ဆုံးတော့ ကယ်တင်ခံရပြီ

  ရေပူစမ်းဥယျာဉ်၏ အဓိကခန်းမတွင်....

  "ရှီးယန်"

  လို့ရှီးယန်က မှင်သက်ကနေရာမှ တစ်ချက်လှမ်းကြည့်လိုက်ပေမယ့် သူ့မျက်နှာက မည်းမှောင်နေကာ သူ့လက်ထဲမှ လက်ဖက်ရည်က ဖိတ်စင်လုနီးပါး ဖြစ်နေသည်။ ချီထျန်းယုက အော်ခေါ်နေပေမယ့် သူက လုံးဝ သတိမထားမိဘူး။ ချီထျန်းယုက မျက်မှောင်ကြုတ်လိုက်ပြီး "ရှီးယန်?"

  လို့ရှီးယန်က သတိပြန်ဝင်လာပြီး ချီထျန်းယုကို ကြည့်ကာ "သတင်းရှိလို့လား?"

 အဲ့လို သတိလွတ်နေတဲ့ ရှီးယန်ကို သူ ဘယ်တုန်းက မြင်ဖူးလို့လဲ? သူက ချင်းဖုန့်ကို စိတ်ပူနေတာလား?! လို့ရှီးယန် လာတွေတွေးနေလဲဆိုတာကို မှန်းဆလို့ မရတာကြောင့် ချီထျန်းယုက ဘာမှ မပြောဘဲ ခေါင်းကို ခါယမ်းလိုက်ပြီး "မဟုတ်ဘူး မင်းလက်ဖက်ရည်က အေးနေပြီ"

  လို့ရှီးယန်က သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ့လက်ထဲမှ လက်ဖက်ရည်ကို စားပွဲပေါ် ပြန်တင်လိုက်ကာ အရှက်အကြောက်မရှိဘဲ ဘာမှ မဖြစ်သလို အေးအေးဆေးဆေးရှိနေသည်။ လွန်ခဲ့သော အခိုက်အတန့်မှ သူ့၏ သတိလွတ်နေသော အရိပ်အယောင်က မရှိခဲ့သလိုဖြစ်နေပြီး ချီထျန်းယု၏ မျက်လုံးများကသာ မ‌ရေမရာဖြစ်နေသကဲ့သို့ပင်...

  "သခင်" ကျင်းစက ပင်မခန်းမထဲသို့ ဝင်လာပြီး "မြောက်ပိုင်း ချီတိုင်းပြည်က သံတမန်တွေက ဟွမ်းယန်မြို့အပြင်ဘက်က တစ်ဆယ်လီ(အကွာအဝေးအတိုင်းအတာ)ကို ရောက်ရှိနေပါပြီ။ သူတို့က အနားယူဖို့ ဒီနေ့ အဲ့နေရာမှာ စခန်းချပါမယ်။ မနက်ဖြန် နေ့လည်မှာ ဧကရာဇ်မင်းက သူတို့ကို ချင်းယန်ခန်းမမှာ လက်ခံတွေ့ဆုံမှာပါ။ မနက်ဖန်ညမှာ ညစာ တည်ခင်းဧည့်ခံပါမယ်။ မြောက်ပိုင်းချီမင်းဆက်ရဲ့ သံတမန်တွေကို ဧည့်ခံဖို့အတွက် သခင်ရဲ့ ကျန်းမာရေး ကောင်းမွန်ရင် တက်ရောက်နိုင်လားမေးဖို့ နန်းတော်က မိန်းမစိုးကောင်းရောက်လာပါတယ်"

  လို့ရှီးယန်က ခဏလောက်စဉ်းစားပြီး "သံတမန်က ဘယ်သူတွေလဲ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now