CH- 101

1K 110 3
                                    

အခန်း ၁၀၁- လူသတ်သမားအစစ်ကို ဖမ်းမိပြီ

   ပါးလွှာသောဓါးက ချောမွေ့သော အသားအရည်ကို ထိမိသွားကာ ချွန်ထက်အေးစက်သော ဓါးဦးက ရင်ဘတ်နေရာကို ဖြတ်သန်းသွားပြီး အနီရဲရဲသွေးများက ဓါးရာတစ်လျှောက်စီးဆင်းလာပြီး ပိုးသားအိပ်ယာခင်းဆီသို့ ကျဆင်းလာသလို ဖြစ်နေခဲ့သည်။

သူက သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ကာ သူမ၏ရင်ဘတ်နေရာကို ရောက်သွားပြီး ခဏအကြာတွင်တော့ ခုန်နေသော နှလုံးတစ်ခုကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားကာ အမျိုးသမီးလေးကို ပြသလိုက်သည်။ သူက သူမ၏ ထိတ်လန့်တုန်လှုပ် နာကျင်နေမည့် အပြုအမူကို စောင့်မျှော်နေပြီး ထိုအရာက သူ့အတွက် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့သည်။ ဒါပေမယ့် ကျွော့ချင်းက သူ့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ သူ့စိတ်ထဲမှာ ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ သူတွေ့လိုက်ရတဲ့ သူမမျက်လုံးတွေက တည်ငြိမ်နက်နဲနေပြီး သူမမျက်နှာမှာ ကြောက်ရွံ့တဲ့အရိပ်အယောင်ဆိုလို့ မြူတစ်မှုန်စာတောင် မတွေ့ရပါဘူး။

  ထိုလူ၏နှုတ်ခမ်းပေါ်မှ နတ်ဆိုးဆန်ဆန် ညစ်တစ်တစ် အပြုံးက ချက်ချင်း အေးခဲသွားသည်။ အခုလေးတင် သူတို့နှလုံးသားကို ဆွဲထုတ်ခံလိုက်ရရင် ဘယ်သူက သူမလို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ကြည့်နေနိုင်မှာလဲ?!! ဒါက ဘာတွေ ဖြစ်နေတာလဲ???

  "ဘာတွေ ဖြစ်နေတာလဲ" ဒီမေးခွန်းကိုမေးချင်နေတဲ့လူတွေက ကုတင်ရှေ့မှာထိုင်နေတဲ့လူတင် မကပါဘူး။ ကုယွင်ကလွဲလို့ အခန်းထဲက လူသုံးယောက်က သူတို့ရှေ့မှာဖြစ်ပျက်ခဲ့တဲ့မြင်ကွင်းကို တအံ့တသြ စိုက်ကြည့်နေကြသည်။

  လွန်ခဲ့သည့်အခိုက်အတန့်တွင် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားနှင့် ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ကျွော့ချင်းတို့က တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေကြပြီး ခဏအကြာတွင် သူက ထထိုင်လိုက်ကာ တွေဝေနေခဲ့သည်။ ထိုခဏလေးအတွင်းတွင် ကျွော့ချင်းက ချက်ချင်းပင် အခြားဘက်သို့ ရှောင်ထွက်သွားပြီး ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလူက ကုတင်အလွတ်ကြီး ကြည့်နေကာ သူ့လက်များက တစ်စုံတစ်ယောက်၏အဝတ်အစားများကို ချွတ်နေသကဲ့သို့ ပြုမူနေသည်။ ထိုနောက် သူက သူ့အဝတ်အစားထဲသို့ သူ့လက်ဖြင့် ပြန်နှိုက်ကာ ချွန်ထက်တဲ့ ဓားပါးလေးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူ့လက်က အလွန်ကျွမ်းကျင်နေပုံရပြီး သွက်လက်စွာနဲ့ ဓားကို ဆန့်တန်းသွားကာ တစ်စုံတစ်ရာကို ခွဲနေပြီး အထဲမှပစ္စည်းအချို့ကို ဆုပ်ကိုင်ကာ ထုတ်ယူလိုက်နိုင်ပုံရသည်။ သူ့မျက်နှာက အစမှအဆုံးအထိ စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုကို သယ်ဆောင်ထားပြီး သူက သူတို့အားလုံးကို သူ့က နှလုံးများကို မည်သို့ ဖယ်ရှားခဲ့ပုံကို သရုပ်ပြနေပုံက ထူးဆန်းနေသလို အဲ့တာကို ကြည့်နေရသည်က ပို၍ပင် ထူးဆန်းနေတော့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now