CH- 37

1.6K 167 3
                                    

အခန်း ၃၇၊ နန်းတော်ဧည့်ခံပွဲ အပိုင်း (၁)

  ချင်းယန်ခန်းမအပြင်ဘက်တွင်....

  ကျွော့ချင်းက လို့ရှီးယန်၏နောက်သို့ ခေါင်းငုံ့လျက် လိုက်ပါသွားခဲ့သည်။ လမ်းလျှောက်လာပြီး ဆယ်မိနစ်မပြည့်မီ လှုပ်လှုပ်ရှားရှား ယောက်ယက်ခက်နေသော အသံများကို ကြားလိုက်ရသည်။ ကျွော့ချင်းက လှမ်းမျှော်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် မီးပုံးများ တွဲလောင်းကျနေပြီး မီးရောင်များ လင်းထိန်နေသည်ကို တွေ့လိုက်ရသည်။ ခမ်းနားထည်ဝါသော အဆောက်အဦး၏ ပင်မခန်းမက သူမရှေ့တွင် ရှိနေသည်။ ဤနန်းတော်က ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းထားပြီး ပေကျင်းရှိ နန်းတော်ဟောင်း(Forbidden City)ထက်ပင် ပို၍ ခမ်းနားသည်ဟု ခံစားရစေသည်။ တနည်းအားဖြင့်ဆိုရလျှင် Forbidden Cityကို သွားလည်ခဲ့တုန်းက အလည်အပတ်သွားသလိုပဲ ခံစားခဲ့ရသည်။ တော်ဝင်ဆန်သော အရိပ်အယောင်များကို မခံစားရပေ။ အခု သူမရှေ့က နန်းတော်ကို ကြည့်လိုက်ရင် အစေခံတွေ၊ မိန်းမစိုးတွေ၊ အစောင့်တွေနဲ့ မှုးမတ်တွေ အားလုံးက တကယ်ကို အစစ်အမှန်များဖြစ်နေပြီး ကျွော့ချင်းကို စူးစူးနစ်နစ် ခံစားရစေသည်။

  လို့ရှီးယန်က ကျွော့ချင်းရဲ့ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး "ဘာဖြစ်နေတာလဲ၊ မင်း အဆင်မပြေလို့လား?"

  ကျွော့ချင်းက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ "မဟုတ်ပါဘူး၊ ကျွန်မ နည်းနည်း ပင်ပန်းနေလို့ပါ" သူမက Forbidden Cityကို အလည်အပတ်သွားတုန်းက အကြောင်းကို ပြန်တွေးနေမိပြီး ယခု သူမကိုယ်သူမ ကြည့်လိုက်တော့ ဘဝရဲ့ အခြေအနေတွေက အရမ်းထူးဆန်းနေတာကို သူမ သဘောပေါက်လိုက်သည်။

  သူမ၏မျက်လုံးများတွင် စိတ်ဓာတ်ကျမှုများ ရုတ်တရက် ပေါ်လာပြီး ပင်ပန်းနွမ်းနယ်မှုကို မြင်လိုက်ရသဖြင့် လို့ရှီးယန်က "ပွဲစပြီးတာနဲ့ သိပ်မကြာခင် ကိုယ်တို့ ပြန်ထွက်နိုင်မှာပါ"

  လို့ရှီးယန်၏နူးညံ့သိမ်မွေ့သော နှစ်သိမ့်မှုက ကျွော့ချင်းကို ပြုံးသွားစေခဲ့သည်။ သူမက အမြဲတမ်း လိုက်လျောညီထွေနေတက်ပြီး အေးအေးဆေးဆေးနေနိုင်ခဲ့တာ မဟုတ်ဘူးလား? တစ်စုံတစ်ခုက ခိုင်လုံသော အမှန်တရားတစ်ခုဖြစ်လာမှတော့ သူမ ဝမ်းနည်းနေတော့ရော ဘာထူးမှာလဲ?! ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လွယ်လွယ်ကူကူနဲ့ ရှေ့ကို လှမ်းလိုက်ကာ "ကျွန်မ အဆင်ပြေပါတယ်၊ သွားကြရအောင်၊ စိတ်မပူပါနဲ့၊ ခေါင်းငုံ့ထားဖို့ သတိရနေမှာပါ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now