CH- 38

1.7K 176 7
                                    

အခန်း ၃၈- နန်းတော်ဧည့်ခံပွဲ (အပိုင်း ၂)

  နန်းတော်ခန်းမထဲကို ဝင်သွားတာနဲ့ ကျွော့ချင်းရဲ့မျက်လုံးတွေက တကယ်ကို ပွင့်သွားခဲ့သည်။ နန်းတော်ခန်းမက ဘောလုံးကွင်းလောက်နီးပါး ကျယ်ဝန်းနေပြီး သစ်သားနဲ့ပြုလုပ်ထားတဲ့ အမိုးတန်းတစ်ခုစီကတောင် အချင်းတစ်မီတာထက်မနည်းရှိနေသည်။ ခန်းမကို အထပ်သုံးထပ်ခွဲထားပြီး ခန်းမအလယ်တွင် ဆယ်မီတာခန့်ကျယ်သော ရွှေရောင်ကော်ဇောကို ခန်းမဝင်ပေါက်မှ အမြင့်ဆုံးထပ်အထိ တိုက်ရိုက်ချထားသည်။ ရွှေရောင်ကောဇောက သာမာန်အနီရောင်ကော်ဇောများထက် အဆများစွာ ပိုခံ့ညားနေပြီး ဇိမ်ရှိမည့်ပုံပေါ်နေသည်။

အမြင့်ဆုံးအထပ်တွင် နဂါးခေါင်းများ ပါသော ကုလားထိုင်တစ်လုံး ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် ဧကရာဇ်၏နေရာဖြစ်ကြောင်း သိနိုင်သည်။ ဒုတိယထပ်တွင် စန္ဒကူးနီဖြင့် ထွင်းထားသော စားပွဲရှည် ဆယ်လုံးရှိသည်။ လို့ရှီးယန်နှင့် စုလင်းနှစ်ယောက်စလုံးက ထိုနေရာကို လျှောက်သွားကြသည်။ ဒုတိယထပ်မှ နဂါးကုလားထိုင်နှင့် အနီးဆုံး ဘယ်ညာတွင် လူနှစ်ယောက်က ဝင်ထိုင်လိုက်ကြသည်။ ယခုတစ်ကြိမ် အစီအစဥ်ကို ကြည့်ရုံဖြင့် အဆင့်အတန်းကို သိနိုင်သည်၊ တတိယထပ်တွင် စားပွဲပေါင်း တစ်ရာကျော်ခန့် ရှိနေသည်၊၊ ဒါပေမယ့် အဆုံးမှာ ထိုင်နေတဲ့လူက ဧကရာဇ်က ဘယ်လိုပုံစံလဲဆိုတာတောင် မမြင်ရလောက်ဘူး ထင်ရသည်။

လို့ရှီးယန်က ဝင်ထိုင်လိုက်ပြီး ကျွော့ချင်းက သူ့နောက်မှာ ရပ်နေလိုက်သည်။ သူ့တို့ကြားမှာ မီတာနှစ်ဆယ်နီးပါး အကွာအဝေးရှိတာကြောင့် နောက်ဆုံးမှာတော့ ကျွော့ချင်းက သူ့ဘေးက ထက်မြက်ပြီး အန္တရာယ်များတဲ့ ဗိုလ်ချုပ်စုကို နောက်တစ်ကြိမ် ထပ်ကြည့်ဖို့ သတ္တိရှိနေခဲ့သည်။ ရှေးခေတ်က စစ်သူကြီးတစ်ချုပ်တစ်ဦးနှင့် တွေ့ဆုံဖို့က ရှားပါးသော အခွင့်အရေးတစ်ခုသာဖြစ်သည်။ ကျွော့ချင်းက အသံတိုးတိုးဖြင့် "ဒီရှေးခေတ်ဗိုလ်ချုပ်စုက အမှန်တကယ်ကို သူရဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"

  လို့ရှီးယန်က နောက်ပြန်လှည့်မကြည့်ဘဲ မျက်ခုံးပင့်တင်ကာ "ဘာလို့ အဲ့လိုမြင်တာလဲ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now