CH- 41

1.6K 201 14
                                    

အခန်း ၄၁၊ နန်းတော်ဧည့်ခံပွဲ (၅)

  လို့ရှီးယန်နှင့်စုလင်းတို့က တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်လိုက်ပြီး နှစ်ယောက်စလုံးက အဝေးကို မျှော်ကြည့်ကာ ဘာဖြစ်လာမည်ကို စောင့်မျှော်နေကြသည်၊ အကြောင်းမှာ ထိုအချိန်တွင် တရားရေးအမတ်မင်းဖြစ်သော ရှန်ယုလန်က မတ်တပ်ရပ်ပြီး မြေပြင်ပေါ်တွင်လဲကျနေသော သတ္တမမင်းသမီးဆီသို့ သွားရန် ပြင်ဆင်နေသည်။

  တော်ဝင်သမားတော်များက အလွန်ထိတ်လန့်နေသဖြင့် စကားမပြောနိုင်ကြဘဲ ဝန်ကြီးများအားလုံးကလည်း နှုတ်ဆိတ်သွားကြသည်။ ရှန်ယုလန်၏ ရှင်းလင်းတည်ငြိမ်သော အသံက အချိန်မီ ထွက်ပေါ်လာသည်။ "မင်းသမီးလေးက မသေခင်မှာ သူမရဲ့ခြေလက်တွေက တုန်ရီနေခဲ့တယ်။ အသက်ရှူကြပ်ခဲ့ပြီး အခု သွားတွေကို တင်းတင်းစေ့ထားတယ်၊ ပြီးတော့ မျက်နှာက ခရမ်းရောင်ပြောင်းသွားတယ်။ သေဆုံးပြီးနောက် မျက်လုံးတွေပြူးလာပြီး ခြေလက်တွေက တောင့်တင်းအေးစက်သွားတယ်။ အဲ့တာက ပိုးကောင်အဆိပ်ကြောင့် အဆိပ်သင့်ခဲ့တာ ဖြစ်နိုင်တယ်။ ပြီးတော့ ဒီလို အချိန်တိုလေးအတွင်းမှာ အဆိပ်သင့်နိုင်တဲ့ တစ်ခုတည်းသော ပိုးကောင်အဆိပ်က အနီရောင်စစ်ချုံးပါ (filarial worm)" ( T/N: အဲ့တာ ဘာကောင်တုန်း ကိုယ်လဲ မသိပါဘူး။Google မှာတော့ သံကောင်တဲ့၊ rawမှာကျတော့ မြွေတဲ့ အဲ့တာကြောင့် rawက အသံထွက် စစ်ချုံးကိုပဲ သုံးသွားမယ်နော်)

  သေချာတာကတော့ ဒါက အဆိပ်သင့်တာပါပဲ။ သေဆုံးသူရဲ့အခြေအနေကို မြင်ပြီးတဲ့နောက် ကျွော့ချင်းက ထိုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ဒါပေမယ့် သူမ မသိနိုင်တဲ့အချက်ကတော့ အဆိပ်ကြောင့်သေဆုံးမှုတွေ အများကြီး ရှိနိုင်ပေမယ့် သတ္တမမင်းသမီးကတော့ ရှားရှားပါးပါး ဖြစ်စဥ်တစ်ခုပင်။ သူမ ဒီကိုမလာခင်ကတည်းက ပိုးကောင်အဆိပ် သင့်နေပြီသားလား? မဖြစ်နိုင်ဘူးလေ။ သူမ ကခုန်ဖို့ ထွက်လာချိန်မှာ ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး။

  ကျွော့ချင်းက သူမ၏အတွေးထဲတွင် နှစ်ဝင်နေခဲ့သော်လည်း ရှန်ယုလန်က "အနီရောင်စစ်ချုံး"ဟူသော စကားအနည်းငယ်ကို ပြောလိုက်သောအခါတွင် ဝန်ကြီးများကြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now