CH-52

1.6K 196 11
                                    

အခန်း ၅၂ ထိုယောက်ျား၏အတွေးများ (အပိုင်း ၂)

  "အရှင်မင်းကြီး၊ ကျွန်တော်မျိုး လို့ရှီးယန်မှာ အရေးတကြီး ပြောစရာရှိပါတယ်" အဝေးဆီမှ ရှင်းလင်းပြတ်သားသော အသံတစ်ခုက ထွက်ပေါ်လာသည်။

  ကျွော့ချင်းက သူမ သေတော့မည်ဟု ထင်နေချိန်တွင် ယန်းဟုန်ထျန်းက နောက်ဆုံးတွင် သူမကို လွှတ်ပေးလိုက်သည်။

  ကျွော့ချင်းက ခွန်အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်ရှုရန် ကြိုးစားနေသည်။ ယခုတစ်ကြိမ်တွင် သူမက လို့ရှီးယန်၏ ပန်းနာရင်ကျပ်နှင့်ဆင်တူသော အသက်ရှုကြပ်ခြင်းဝေဒနာကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသည်။

  ယန်းဟုန်ထျန်းက ကျွော့ချင်းကို မကြည့်တော့ဘဲ ခန်းမအရှေ့ဘက်ရှိ စားပွဲရှည်ဆီသို့ ပြန်လှည့်သွားပြီး "ဝင်လာခဲ့"ဟု အသံကျယ်ကျယ် အော်ဟစ်ရင်း ထိုင်ချလိုက်သည်။

  လို့ရှီးယန်က ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းလာပြီး မြေပြင်ပေါ်တွင် ထိုင်နေသော ကျွော့ချင်း၏စုတ်ပြဲနေသောအဝတ်အစားများနှင့် သူမ၏လည်ပင်းမှ သိသာထင်ရှားသော လက်ဗွေရာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူက သူမကို ဘာမှမပြောဘဲ ယန်းဟုန်ထျန်းထံသို့ လှမ်းသွားပြီး အရိုအသေပေးလိုက်သည်။ "ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"

 နောက်ဆုံးတွင် ကျွော့ချင်းက ခွန်အားများပြန်လည်ရရှိကာ မတ်တပ်ရပ်ရန် ရုန်းကန်နေသည်။ သူမ လှမ်းမျှော်ကြည့်လိုက်တော့ ရည်ရွယ်တာလား မရည်ရွယ်တာလား မသိနိုင်ပေမယ့် လို့ရှီးယန်က သူမရှေ့မှာ ရပ်နေပြီး ယန်းဟုန်ထျန်း၏အမြင်ကို ပိတ်ဆို့ထားသည်။

  လို့ရှီးယန်ကို ကြည့်နေတဲ့ ယန်းဟုန်ထျန်းရဲ့မျက်နှာက အနည်းငယ် ရှုပ်ထွေးနေပြီး ဘာကြောင့်မှန်းမသိ ကျွော့ချင်းကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။ ယန်းဟုန်ထျန်းက "ရှီးယန်၊ သူ့(မ)ခန္ဓာကိုယ်က ဆေးမှင်ကြောင်ထိုးထားတဲ့ စကားလုံးတွေကို မြင်ဖူးလား"

  သွားပြီ!

  ကျွော့ချင်း တိတ်တိတ်လေး ညည်းညူလိုက်သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now