CH- 54

1.6K 203 12
                                    

 အခန်း ၅၄- ချင်းဖုန့်

  နန်းတော်ခန်းမအပြင်ဘက်တွင်...

  သန်းခေါင်ကျော်နေပြီတာကြောင့် လက အုံ့ဆိုင်းနေပြီဖြစ်ကာ ခမ်းနားပြီး ဆူညံနေသော ပွဲတော်မရှိလျှင် နန်းတော်ဖြစ်နေလျှင်တောင် ည၏တိုက်စားမှုကို မခုခံနိုင်ပါဘူး။ နန်းတော်အတွင်း၌ အဖိုးတန်သစ်ပင်များဖြင့် ဖုံးလွှမ်းနေသောကြောင့် လရောင်က ဆိတ်သုဉ်းနေကာ အမှုန်အမွှားလေးလောက်သာ အလင်းရောင်ရနေသည်။ လတ်ဆတ်သော ညလေညင်းက အနည်းငယ်အေးစိမ့်နေသော်လည်း လူတို့၏စိတ်ကို လန်းဆန်းစေသည်။

  ခန်းမဆောင်ရှေ့တွင် ခန္ဓာကိုယ်ပုံစံတူသော အမျိုးသမီးနှစ်ဦးက တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေကြသည်။ တစ်ယောက်က စိတ်လှုပ်ရှားနေပြီး သူမ၏မျက်လုံးများတွင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေကာ နောက်တစ်ယောက်ကတော့ အနည်းငယ် ရှက်ရွံ့နေပုံရသည်။

  "အစ်မ... ညီမကို တကယ် မမှတ်မိတော့ဘူးလား?" လတစ်ဝက်လောက်ကြာအောင် ပျောက်ဆုံးနေခဲ့တဲ့ အစ်မကြီးက သူမ မျက်စိ‌ရှေ့မှာ ရောက်နေတာကို ကြည့်ရင်း ချင်းဖုန့်က သူမနှလုံးသားကို ဓား ထက်ထက်နဲ့ထိုးနေသလို ခံစားလိုက်ရသည်။ တောက်ပနေတဲ့ သူမအစ်မ မျက်လုံးတွေက ကြည်လင်ပြီး ငြိမ်သက်နေကာ အရင်ကရှိခဲ့ဖူးသော ချစ်ခြင်းမေတ္တာနဲ့နွေးထွေးမှုတွေကို မတွေ့နိုင်တော့ပါဘူး။

  "ငါ..." ကျွော့ချင်းက တစ်ခုခုပြောဖို့ ပါးစပ်ကို ဖွင့်လိုက်ပေမယ့် နောက်ဆုံးမှာတော့ "တောင်းပန်ပါတယ်" ဆိုတဲ့ စကားပဲ ထွက်လာနိုင်တော့သည်။ သူမက တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြံရွယ်ထားတာ မဟုတ်ပေမယ့် သူမလက်ရှိခန္ဓာကိုယ်မှာ ရောက်နေတာကလည်း အမှန်တရားတစ်ခုဖြစ်နေပြီး ပြောင်းလဲ၍မရနိုင်တော့ပေ။

  ကျွော့ချင်းက ချင်းဖုန့်ကို တုံ့ပြန်စကားပြောနေပေမယ့် ခန်းမအတွင်းရှိ လို့ရှီးယန်ကို ပိုမိုစိုးရိမ်နေခဲ့သည်။ မည်သည့်အသံမျှ မကြားရတာကြောင့် အတွင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို သူမ မသိနိုင်ပါဘူး။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now