CH -112 (part 2)-Final

2.2K 138 6
                                    

အခန်း ၁၁၂ ပန်းများ၊ ဖယောင်းတိုင်များနှင့် မင်္ဂလာည (Grand Finale)

(အပိုင်း ၂)

"ဟုတ်ကဲ့"

  သိပ်မကြာခင်မှာပဲ ခန်းမဆောင်ကြီးထဲတွင် လို့ရှီးဝူ၏ ချစ်စရာကောင်းသော အသွင်အပြင်လေး ထွက်ပေါ်လာသည်။ သူမက တစ်ယောက်ပြီး တစ်ယောက်ကို ဦးညွှတ်ပြီးနောက် ချီထျန်းယုဘေးတွင် ဝင်ထိုင်လိုက်ကာ နှုတ်ခမ်းစူနေပြီး "ချီအစ်ကိုကြီး၊ ရှင် ကျွန်မတို့ကို လာမတွေ့တာ ကြာနေပြီ"

  ချီထျန်းယုက သူမကို သူ့ညီမလေးကဲ့သို့ ချစ်မြတ်နိုးပြီး ညီမအရင်းကဲ့သို့ အမြဲဆက်ဆံခဲ့သည်။ အခု သူမက နှုတ်ခမ်းစူနေတာကို မြင်လိုက်ရတာကြောင့် သူက သူ့အင်္ကျီလက်ထဲက ရှည်မျောမျော သေတ္တာငယ်လေးကို ချက်ချင်း ထုတ်ယူလိုက်ပြီး သူမလက်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်ကာ အပြုံးဖြင့် "အခု ရောက်လာပြီ မဟုတ်ဘူးလား။ ငါ မင်းအတွက် ရန်ချန်ရဲ့ အကျော်ကြားဆုံး ကျောက်စိမ်းဆံထိုး ယူလာပေးတယ်"

  "တကယ်လား?" လို့ရှီးဝူက အံ့သြစွာဖြင့် သေတ္တာ‌လေးကို ဖွင့်ကြည့်လိုက်ပြီး အထဲတွင် အပြစ်ကင်းစင်ပြီး ဖြူစင်တောက်ပြောင်နေသော ကျောက်စိမ်းဆံထိုးတစ်ခု ရှိနေသည်။ လို့ရှီးဝူက ထိုအရာကို အလွန် သဘောကျသွားပြီး "ကျေးဇူးတင်ပါတယ် ချီအစ်ကိုကြီး"

  သူတို့နှစ်ယောက်က စကားပြောကာ ရယ်မောနေကြသော်လည်း ကျင်းစ၏ နဂိုမည်းနေသောမျက်နှာက ယခုအခါ ပိုမည်းနေပြီဖြစ်ကာ ပို၍ပင် ကြောက်စရာကောင်းလာသည်ကို သူတို့နှစ်ယောက်လုံး သတိမထားမိကြပေ။

  ထိုအချိန်တွင် ကျွော့ချင်းနှင့် သူမ၏အဖွဲ့ကလည်း ဝင်လာခဲ့သည်။ ချီထျန်းယုက ချက်ချင်းပဲ သေးငယ်ပြီး ချစ်စရာကောင်းသော ကုယွင်၏ဆွဲဆောင်မှုကို ခံလိုက်ရပြီး သူမတို့ သုံးယောက် မထိုင်ရသေးမီ သေမှာကို မကြောက်ဘဲ မေးလိုက်တော့သည်။ "မရီး၊ မင်း ဘေးနားက ဒီအလှလေးက ဘယ်သူလဲ"

  "ချီထျန်းယု၊ မတွေ့ရတာ ကြာပြီ၊ ဒါပေမယ့် ရှင်က အရင်အတိုင်းပဲ၊ ဒါပေမယ့် သူ(မ)ကို မနှောင့်ယှက်ဖို့ ကျွန်မ အကြံပေးချင်တယ်"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now