CH- 109

997 112 4
                                    

အခန်း ၁၀၉ အကြံဥာဏ်ရယူခြင်း

  ချင်းဖုန့်နန်းတော်၏ခန်းမဆောင်...

အနီရောင်အုတ်နှင့် အစိမ်းရောင် ကြွေပြားများအောက်တွင် အဖြူရောင် ဂန္ဓမာပင်များ စိုက်ထားသည့် ဝင်းငယ်တစ်ခုရှိနေသည်။ ဆောင်းဦးပေါက်နေပြီဖြစ်တာကြောင့် အဖြူရောင် ဂန္ဓမာပင်များက စိမ်းလန်းနေဆဲဖြစ်ကာ အပင်များတွင် အထူးဖမ်းစားနိုင်သော ဝတ်မှုန်သစ်များ တိုးထွက်နေသည်။ ခြံဝင်းက ကြီးကြီးမားမား မဟုတ်ပေမယ့် အလယ်မှ စိမ်းလန်းစိုပြေနေသော သစ်ပင်ပန်းမာန်များက ဆွဲဆောင်မှုရှိနေပြီး လေပြေလေညင်းကနေ ထွက်လာတဲ့ သိမ်မွေ့တွေက ကျက်သရေကို ယူဆောင်လာနေခဲ့သည်။

  ခြံဝင်းထဲတွင် သစ်ပင်ကြီးတစ်ပင်ကို စိုက်ထားပြီး သစ်ပင်၏အရိပ်က ခြံဝင်း၏တစ်ဝက်နီးပါး ရှိနေသည်။ ထူထဲသောပင်စည်ပေါ်တွင် အကိုင်းအလက်များစွာ ရှိနေပြီး ဆောင်းဦးလေနှင့်အတူ ရံဖန်ရံခါ လှုပ်ခတ်နေကြသည်။ သစ်ပင်၏အရိပ်အောက်တွင် တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ပိုးပျော့ထိုင်ဖုံများခင်းထားသော ညောင်းစောင်းပေါ်တွင် လဲလျောင်းနေသည်။ အမျိုးသမီး၏မျက်လုံးများက ခပ်ဖွဖွ မှိတ်ထားပုံရကာ သူမမျက်နှာက အလွန်တည်ငြိမ်နေပြီး သူမ၏မို့ဖောင်းဖောင်းဗိုက်လေးက သူမကိုယ်ဝန်ရှိနေကြောင်း ပြသနေသည်။ နန်းတွင်းအစေခံနှစ်ယောက်က သူမ၏နောက်တွင် ငြိမ်သက်စွာ ရပ်နေကာ ခေါင်းကို အနည်းငယ်ငုံ့ထားကြသည်။ သူတို့က သူတို့သခင်၏ ငြိမ်သက်ခြင်းကို မနှောင့်ယှက်ဝံ့ဘဲ အသက်ကိုတောင် အသံမကျယ်အောင် သေသေချာချာ ရှုနေကြသည်။

  အခြားနန်းတွင်းအစေခံများထက် အဆင့်အတန်း မြင့်ပုံရသော ခရမ်းရောင် နန်းတွင်းအစေခံ၀တ်စုံကို ဝတ်ထားသော မိန်းခလေးတစ်ယောက်က နန်းတော်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာကာ အမျိုးသမီးထံ ချဥ်းကပ်သွားသညိ။ သူမက ခဏတာ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် "သခင်မ၊ လို့သခင်မက မြောက်ဘက်တံခါးကို ရောက်လာပါတယ်၊ အခု တံခါးကနေ နန်းတော်ထဲကို ဝင်လာပါပြီ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now