CH- 108

1K 106 1
                                    

အခန်း ၁၀၈ ရှီးယန်၏ ပြင်းထန်သော နာမကျန်းမှု

  လန်ယွဲ့အဆောင်တွင်...

  ဆောင်းဦးလေက စတင်နေပြီဖြစ်ကာ နေရောင်မှ လွင့်ပျံလာသော ရွှေရောင်အမှုန်အမွှားလေးများက တိမ်ဖြူဖြူများကို ရွှေအလွှာဖြင့် ဖုံးအုပ်ပေးလိုက်တာကြောင့် ‌ရွှေရောင်တိမ်မျှင်များက တဖျ်ဖျပ်တောက်ပနေသည်။ လေနုအေးက ရေကန်ကို ဖြတ်တိုက်နေပြီး လှိုင်းလုံးကလေးများကို ဖြစ်ပေါ်စေသည်။ ကြာပန်းများက ညှိုးနွမ်းသွားပြီဖြစ်သော်လည်း ကြာစေ့ခေါင်းများကို ချန်ထားရစ်ခဲ့ကာ ထိုအရာများက ကြာပန်းအရွက်များကြားတွင် ယိမ်းနွဲ့နေခဲ့သည်။

  လှပသော အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသော ရုပ်သွင်လှလှလေးတစ်ခုက ကြာပန်းရေကန်ဘေးရှိ ကျောက်ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်နေကာ စာအုပ်ငယ်တစ်အုပ်ကို လက်ထဲတွင် ကိုင်ထားရင်း စေ့စေ့စပ်စပ်ကြည့်ရှုနေသည်။

  အချိန်အတော်ကြာပြီးနောက် ကျွော့ချင်းက ခေါင်းမော့လာပြီး "ချင်းမော့က ငါ့ကိုတွေ့ဖို့လာတာလား"

  "မဟုတ်ပါဘူး"

  ယွင်က သူမကို တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ဒီမနက် လာတွေ့သင့်တယ်ဆိုတဲ့ အကြောင်းပြချက်က ကျိုးကြောင်းဆီလျော်သော်လည်း အခုဆို မွန်းတည့်ချိန်နီးနေပြီ၊ ဒါပေမယ့် ယွင်က သူမကို လာမတွေ့ခဲ့ရဘူး! အမှုက တိုးတက်မှုရှိနေတာလား?? ဒါမှမဟုတ် ယွင် တစ်ခုခုဖြစ်နေတာလား??! ကျွော့ချင်းက အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ဆက်မေးလိုက်သည်။ "ကျင်းစ ပြန်လာပြီလား"

  မော့ဘိုင်၏ အမြဲတစေ ပုံမှန်ဖြစ်နေတက်သော အေးစက်သည့်မျက်နှာက ယခုအခါ အနည်းငယ် တုန်လှုပ်နေပုံရကာ လေးလေးနက်နက် အသံဖြင့်ပြန်ဖြေ လာသည်။ "မလာသေးပါဘူး"

ကျင်းစက သူ့သခင်၏ အခြေအနေကို မေးမြန်းရန် ယနေ့နံနက် အစောပိုင်းတွင် ပြစ်မှုဆိုင်ရာဌာန အကျဉ်းထောင်သို့ သွားနေခဲ့သည်။ သူသွားနေသည်မှာ ရှီးချန်နှစ်ခုစာ ကြာနေပြီဖြစ်သော်လည်း အခုအချိန်အထိ ပြန်မရောက်လာသေးပေ။ တကယ်လို့ သူက သတင်းတွေကို လုံးဝ မစုံစမ်းနိုင်ခဲ့ဘူးဆိုရင် ဒီည မှုခင်းဌာနရဲ့ အကျဉ်းခန်းကို ဝင်ရောက်ရမည့်သူက မော့ဘိုင်တစ်ယောက်တည်းသာလျှင် ရှိတော့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now