CH- 81

1K 121 0
                                    

အခန်း ၈၁ အန္တရာယ်ရှိနေတယ်

  တော်ဝင်ဥယျာဉ်...

  တော်ဝင်ဥယျာဉ် အပေါ် ကျွော့ချင်း၏ပထမဆုံး အာရုံခံစားမှုမှာ စိမ်းလန်းစိုပြေသော သစ်ပင်များ၊ ချုံပုတ်များနှင့် ပန်းပွင့်များဖြစ်သည်။ သို့သော် ခဏအကြာတွင် သူမ အနည်းငယ်မူးဝေလာသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် လို့ရှီးဝူက သူမကို ခရစ္စမတ်သစ်ပင်ကဲ့သို့ အဘယ်ကြောင့် ၀တ်ဆင်စေသည်ကို သူမ သိလိုက်ရသောကြောင့်ဖြစ်သည်။ အကယ်၍ ဒီအချိန်မှာ သူမသာ သာမာန်ပိုးထည်ကို ဝတ်ဆင်ထားခဲ့မိလျှင် သူမ တကယ်ပဲ ကွဲပြားခြားနားနေလိမ့်မည်ပင်။

  ကျွော့ချင်းက တိတ်တဆိတ် ဝမ်းမြောက်သွားသည်။ ကံကောင်းစွာဖြင့် သူမက သူမ၏ ကြမ်းပြင်အထိရှည်သော စကတ်ရှည်၏တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ခိုင်းခဲ့သည်။ မူလ စကတ်ငါးလွှာအနက် သုံးလွှာကိုသာ ဝတ်ဆင်ထားပြီး ခေါင်းပေါ်ရှိ ရွှေဆံညှပ်တစ်ဝက်လောက်ကို ဖြုတ်ထားသော်လည်း ရွှေဝါရောင်ဆံပင်ကုပ်၊ ပန်းပွားဖွားဖွားလေးများပါသော ကျောက်စိမ်းများ စသည့် အခြေခံ အင်္ဂါရပ်များတော့ ရှိနေသေးသည်။ ယေဘုယျအားဖြင့်တော့ သာမန်ထက်တော့ သာလွန်နေ‌သေးသည်။

  သူမ လမ်းလျှောက်လာလေလေ သူမ အံ့သြလေလေဖြစ်နေသည်။ အခန်းထဲတွင် ရောင်စုံအဝတ်အစားများ၊ ဘရိုကိတ်ဝတ်စုံများ၊ လက်ဝတ်ရတနာများနှင့် ရွှေအဆင်တန်ဆာများဖြင့် ပြည့်နှက်နေပြီး သူမကို မှင်တက်စေခဲ့သည်။ သူမ၏မျက်လုံးများရှေ့တွင် တိမ်များကဲ့သို့ လှပသော သွယ်သွယ်လျလျ မိန်းခလေးများ ရှိနေသည်ဟု ဆိုနိုင်သည်။ တစ်ယောက်ချင်းဆီက ပန်းလေးတစ်ပွင့်ကဲ့သို့ နူးညံလှပသိမ်မွေ့နေသည်။ သို့သော် ကျွော့ချင်း၏အမြင်မှာတော့ မတူညီသော ခံစားမှုမျိုးဖြစ်နေပြီး ညှင်းပန်းနှိပ်စက်နေသလို ခံစားနေရသည်။

  ရှုပ်ရှက်ခက်နေသော အဆင်တန်ဆာများကြားထဲတွင် သူမတို့ပုံသဏ္ဍာန်ကို မြင်နိုင်ရန်ပင် ခဲယင်းလှသည်။ သေချာတာကော့ သူမကဲ့သို့ အကြောင်းကြောင်း အဖုံဖုံကြောင့် စိတ်မချမ်းသာတဲ့ အမူအရာရှိနေသော အမျိုးသမီးများလည်း ရှိနေသေးသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now