CH-44

1.5K 202 12
                                    

အခန်း ၄၄- စစ်ဆေးမှု သဲလွန်စများ

   ဝန်ကြီးချုပ်လို့ရဲ့ ဇနီးသည်က ဘာလို့ ဒီလိုအသွင်အပြင် ဖြစ်နေတာလဲ? သူမရဲ့ ဝတ်စားဆင်ယင်ပုံကရော အမြဲတမ်း အဲ့လိုလား? ပြီးတော့ သူမက ဘာလို့ ပင်မခန်းမမှာ ပေါ်လာရတာလဲ။ ထိုအရာများ အားလုံးကြောင့် လူအများက စိတ်ရှုပ်ထွေးနေကြပေမယ့် ခန်းမကြီးထဲမှာတော့ လူနှစ်ယောက်က လက်ချင်းတွဲထားပြီး ဝန်ကြီးချုပ်က သူ့မိန်းမကို ချစ်ခင်မြတ်နိုးတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေသည်။ ရှရွှင်းစစ်က ဘယ်လောက်ပဲ သံသယတွေရှိနေပါစေ၊ သူ ထိုမိန်းခလေးရဲ့ အထောက်အထားကို မေးခွန်းထုတ်လို့ မရတော့ပါဘူး။

  ဝန်ကြီးချုပ်လို့ရဲ့ဇနီးက သူရဲ့သတ္တမညီမလေးကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပေးမယ် ပြောမှတော့ သူ ဘာပြောနိုင်ပါဦးမလဲ။ ရှရွှင်းစစ်က "သခင်မလို့ ဖြစ်နေမှတော့ ပန်းဝမ်(ဒီမင်းသား)မှာ ကန့်ကွက်စရာ မရှိတော့ပါဘူး"

 လို့ရှီးယန်က ကျွော့ချင်းရဲ့လက်ကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်ပြီး "သွားလေ၊ ကိုယ် မင်းကို စောင့်နေပေးမယ်"

  ဒီလို နူးညံ့တဲ့ မျက်လုံးတွေကို ငါ တကယ်ကို သည်းခံစွမ်း ရှိမနေဘူးနော်!

ကျွော့ချင်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ရှန်ယုလန်ဆီကို လျှောက်သွားပြီး "ကျွန်မ ဘယ်မှာ စစ်ဆေးရမှာလဲ"

  ရှန်ယုလန်က စကားပြောခါနီးတွင် ယန်းဟုန်ထျန်း၏ စိတ်ကြွရူးသွပ်နေပြီး ဆိုးသွမ်းပုံရသော အသံ အေးစက်စက်က ထွက်ပေါ်လာသည်။ "ဒီပင်မခန်းမမှာပဲ စမ်းဆေးလိုက်"

  ကောင်းတယ်! အရမ်း ကောင်းတယ်! အရမ်း အရမ်းကို ကောင်းတယ်! တကယ်ကို သူ့ကို မသိဟန်ဆောင်နေတဲ့ မိန်းခလေးပဲ! ယုန်သေကိုတောင် အချိန်အတော်အတန်ကြာ ကြောက်ရွံနေတက်သော မိန်းခလေးက အလောင်းစစ်ဆေးမှာကို သူ မြင်ချင်သေးတယ်။ "ဒီကိုလာစမ်း၊ ကန့်လန့်ကာတွေကို ဆွဲပေးလိုက်"

(T/N: ဧကရာဇ်က ကျွော့ချင်းဝင်ထားတဲ့ မူရင်းပိုင်ရှင်ကို စတွေ့တုန်းက မိန်းမပျိုလေးက ဒဏ်ရာရနေတဲ့ ယုန်လေးကို သနားနေတဲ့ ပုံရိပ်လေးပါတဲ့။ E:Tran ပြောတာက အဲ့တာက ချင်းမိသားစုအတွက် ကံကြမ္မာဆိုး စတင်တာပါတဲ့၊ တတိယစာအုပ်မှာမှ အသေးစိတ်ပါမှာပါတဲ့)

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now