CH- 26

1.8K 200 5
                                    

အခန်း ၂၆- ရေပူစမ်းဥယျာဉ် (အပိုင်း ၁)

"အဲ့သတ္တိက ငါ သူ(မ)ကို ပေးခဲ့တာ" တိုးတိမ်ပျော့ပျောင်းသော အသံတစ်ခုက ပဲ့တင်ထပ်လာသည်။

ခုနက ရွှယ်ရှန်းရှင်း၏ မောက်မာနေသော မျက်နှာက ချက်ချင်းပင် အပြုံးများဖြင့် ပြည့်နှက်သွားသည်။ သူမက အနောက်ဘက်သို့ ပြန်လှည့်ကာ လို့ရှီးရန်ဘက်ကို မျက်နှာမူလိုက်ပြီး နာကျင်သော မျက်နှာဖြင့် ထောက်ထားစာနာသလိုပုံနဲ့ "ရှီးယန်၊ မင်း ဘာလို့ အိပ်ရာကနေ ထလာတာလဲ၊ အခု မင်း ပိုကောင်းလာပြီဆိုပေမယ့် လေအေးနဲ့ ထိတွေ့မိရင် အဆင်မပြေဘူးလေ"

  ကျွော့ချင်းက အံသြနေခဲ့သည်။ ဤမိန်းမက ပြဇာတ်အဖွဲ့ကို သွားပြီး မလေ့ကျင့်ရတာ စိတ်မကောင်းစရာပင်။ အခုန သူမက မာနကြီးပြီး မောက်မာလွန်းလှသော်လည်း ယခုအခါ သူမက မေတ္တာရှင်မိခင်တစ်ယောက်ကဲ့သို့ နူးညံ့သိမ်မွေ့နေကာ ဂရုတစိုက်ရှိလွန်းလှသည်။ နောက်ဆုံးတော့ သူမရဲ့မျက်နှာကို ပြောင်းလဲနိုင်တဲ့ အရည်အချင်းကို သူမ(ကျွော့ချင်း) မြင်ဖူးသွားတာပေါ့။

  လို့ရှီးယန်က အဲဒါကို ကျင့်သားရနေပုံပေါ်ကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ "ကျွန်တော် ပိုကောင်းလာပါပြီ။ အခုကစပြီး ငါ့ဆေးတွေအားလုံးကို ချင်းဖုန့်ကို ပေးလိုက်"

သူက ပြောပြီးတာနဲ့ ကျွော့ချင်းကို ကြည့်လိုက်ပြီး သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်တန်းလိုက်သည်။ .

  ဘာတုန်းဟ? ကျွော့ချင်းက မလှုပ်မယှက်ရပ်နေကာ လို့ရှီးယန်က စကားတစ်ခွန်းမှ မပြောဘဲ သူမကို ချစ်ခင်တဲ့အမူအရာနဲ့ ပြုံးပြုံးလေး စိုက်ကြည့်နေသည်။ ကျွော့ချင်းက သည်းမခံနိုင်တော့ဘဲ မျက်လုံးပြူးသွားသည်။ ဒါက ဘယ်လိုအမူအရာမျိုးလဲ?။ သူမ သူ့ဆီကို မသွားရင် သူမက အဆိုးအကောင်းကို နားမလည်သလို ဖြစ်သွားပြီး လူကဲ့ရဲ့စရာဖြစ်သွားနိုင်ပေမယ့် ပြသနာက သူနဲ့ သူမကြားမှာ မိတ်ဆွေသူငယ်ချင်း ဆက်ဆံရေးတောင် မရှိဘူးလေ၊ ဟုတ်ပြီလား?!

  လို့ရှီးယန်က အလွန်စိတ်ရှည်နေပုံရပြီး သူမ ဘေးနားရှိလူများက ကျွော့ချင်းကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေကြသည်။ ကျွော့ချင်းက သူမစိတ်ထဲတွင် ထပ်ခါတလဲလဲ ဆဲဆိုနေခဲ့ပြီး သူ့၏စိတ်ရှည်မှုက အလွန်မြင့်မားကြောင်း နားလည်လိုက်ရသည်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူမ၏ စိတ်ရှည်မှုကလည်း အလွန်ကောင်းနေမွန်ကြောင်း သူမ တွေ့ရှိခဲ့ရသည်။ သူမက အဲ့တာကို မေ့ပစ်ဖို့ အသက်ပြင်းပြင်းရှူရင်း ခုတော့ သူက လူနာတစ်ယောက်ဖြစ်နေသည်ဟု ယူဆကာ သူ့ဆီကို မကျေမနပ် လျှောက်လာခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now