CH- 3

2.9K 233 1
                                    

အခန်း ၃ ပြန်ပေးဆွဲမှု

  နွေဦးရာသီက ရောင်စုံပန်းပွင့်များကို လှပစေသောရာသီဖြစ်သည်။ ချုံယွဲ့တိုင်းပြည်က သာယာဝပြောပြီး မြို့တော်ဟွမ်းယန်က သဘာဝရှုခင်းများဖြင့် ပြည့်နှက်နေသည်။ မြို့ထဲသို့မဝင်မီတွင်ပင် မြို့တွင်းမှ ဆူညံသံများကို ကြားနေရပြီဖြစ်သည်။ အဓိကလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ကုန်သည်များနှင့် အရပ်သားများ အများအပြား ဝင်ရောက်လျက်ရှိနေသလို တချို့ကလဲ အလွန်အသက်ဝင်နေသော ဟွမ်းယန် မြို့မှ ထွက်ခွာသွားကြသည်။

  လူတွေရဲ့မျက်နှာများပေါ်သို့ လေပြေညှင်းတွေ ပျံလွင့်လာပြီး ငှက်ကလေးတွေ တေးဆိုနေကာ ပန်းတွေက မွှေးပျံ့နေသည်။ သူတို့ ဟွမ်းယန်မြို့တံခါးကို ရောက်ခါနီးနေတာကို မြင်လိုက်ရတော့ လီရှက ဝမ်းသာနေသလို လန့်လည်းလန့်နေသည်။ ကံကောင်းထောက်မစွာနဲ့ ဆယ်ရက်ကျော်လောက် ပြေးလွှားခဲ့ရပြီး နောက်ဆုံးမှာမှ သူတို့က အန္တရာယ်မရှိဘဲ ရောက်ရှိလာခဲ့ကြတာပါ။ ကြောက်စရာကောင်းတာက အမျိုးသမီး သုံးယောက်ရဲ့ မျက်နှာတွေ ...

ရထားလုံးအတွင်းပိုင်းမှာတော့ သွယ်လျတဲ့ လက်မောင်းတွေက ပြတင်းပေါက် နိမ့်နိမ့်က ရာဇမတ်ကွက်ကို ဆုပ်ကိုင်ဖို့ ရုန်းကန်နေပေမယ့် ထိုအရာကို မထိမီ အားနည်းစွာ လဲကျသွားတာက သနားစရာပင်။

  မမှီလိုက်ဘူး!

  ကျွော့ချင်းက သူမ၏ ညာလက်ကို ထပ်မံဆန့်ထုတ်ရန် ကြိုးစားခဲ့သည်။ ယခုတစ်ကြိမ် ပိုအဆင်ပြေလာပြီး သူမ၏ လက်ချောင်းများက ပြတင်းပေါက်အစွန်းကို ထိနိုင်သွားသည်။ အသက်ပြင်းပြင်းရှူပြီးနောက် ကျွော့ချင်းက သူမ၏ ခန္ဓာကိုယ်အား ဘယ်ဘက်လက်ဖြင့် ထောက်ပံ့နိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ အကြိမ်ကြိမ်လဲကျရင်း နောက်ဆုံးတော့ သူမကိုယ်ကို မြှောက်နိုင်ခဲ့သည်။

  သူမနဖူးပေါ်က ချွေးတွေက သူမပါးပြင်တွေဆီ လျှောကျလာပြီး ညာဘက်မျက်နှာပေါ်က ဒဏ်ရာက ပြင်းပြင်းထန်ထန် နာကျင်လာတာကြောင့် ကျွော့ချင်းက ပိုမိုနိုးကြားလာခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now