CH- 8

2.1K 229 3
                                    

  အခန်း ၈ ထိပ်တိုက်ရင်ဆိုင်မှုများ (အပိုင်း ၁)

  လို့ရှီးယန်က လူတိုင်း၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်တော့ ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေသော ပိန်ပိန်ပါးပါးသဏ္ဍန်တစ်ခုကို တွေ့လိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် ထိုလူက ဖြည်းညှင်းစွာ မတ်တတ်ရပ်လာသည်။ ဦးထုပ်ကြီးက သူ့မျက်နှာအများစုကို ဖုံးအုပ်ထားသောကြောင့် သူ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲနေစေသည်။ ကြီးမားသော ပိတ်ကြမ်းအဝတ်အစားများကို သူ့ကိုယ်အပေါ်တွင် ပတ်ခြုံထားပြီး အလွန်ပိန်လှီနေပုံပေါ်သည်။ သူ့ပုံစံက အန္တရာယ်ကင်းသော ကောင်လေးတစ်ယောက်ကဲ့သို့ ပါးလွှာနေသော်လည်း လို့ရှီးယန်ကတော့ အဲ့ဒီလို မတွေးပါဘူး။

  ထိုသူက နှုတ်ဆိတ်နေတာကြောင့် လို့ရှီးယန်က စိတ်ဝင်တစားနဲ့ "မင်းက တိုင်ကြားစာကို ရေးတဲ့သူလား"

  ကျွော့ချင်းက ခေါင်းငုံ့ထားရင်း အသံကို လျှော့ကာ အားနည်းပြီး ခိုင်မာမှုမရှိသော အသံဖြင့် "မှန်ပါတယ်"

သူမနောက်တွင် ဒူးထောက်နေသော လူမိုက်အုပ်စုတစ်စုက သူမကို ဒုက္ခပေးမည့်သူများဖြစ်သည်။ သူမဘဝမှာ ရိုးရိုးရှင်းရှင်းနဲ့ ကြင်နာတတ်တဲ့ လူတွေကို မုန်းတီးမိတာက ဒါ ပထမဆုံးအကြိမ်ပဲ။

  ချီထျန်းယုက ကျွော့ချင်းကို အပေါ်အောက် ငုံ့ကြည့်ကာ သူ့လက်ထဲက အသနားခံစာကို ဝှေ့ယမ်းလိုက်ပြီး လို့ရှီးယန်ကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။"စကားလုံးအသုံးပြုပုံက အရမ်းတိကျပြီး ပြတ်သားတယ်။ ဒါပေမယ့် စာရေးထားတာက ရုပ်ဆိုးလွန်းတယ်!"

  ကျွော့ချင်းက ခေါင်းငုံ့ကာ နှုတ်ဆိတ်နေဆဲပင်။ သူမ၏ လက်ရေးက လှပသည်ဟု ဘယ်သူကမှ တစ်ခါမှ မပြောခဲ့ဖူးသောကြောင့် သူမကို ရန်စဖို့ ကြိုးစားနေတာဆိုရင်တော့နည်းနည်းတော့ လိုသေးတယ်။

  ကျွော့ချင်းက အံသြဟန်ဆောင်ရန် စိတ်ထဲတွင် တွေးနေမိသည်။ လို့ရှီးယန်ကတော့ အလျင်စလို မရှိပေ။ သူက သူမဘေးနားမှ ဝူစစ်ကို ကြည့်ကာ "မင်းက သူ့တို့မိသားစုမှ မဟုတ်ပဲ ဒီကိစ္စနဲ့ဘာမှမဆိုင်ဘူး။ မင်းက ဘာလို့မကျေမနပ် ဖြစ်နေတာလဲ။ သူ့အပြစ်မရှိဘူးဆိုတာ ပြဖို့အတွက် မင်းမှာ ဘာအထောက်အထားရှိလဲ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now