CH- 14

1.9K 194 2
                                    

အခန်း ၁၄ ရာဇဝတ်မှုများနှင့် အကြုံပြုချက်များ (အပိုင်း ၁)

  "မနေ့ညကလား?!" ဝူကျစ်ကန်း၏မျက်လုံးတစ်စုံက ဒေါသကြောင့် ပြူးကျယ်သွားပြီး သူ့အနားတွင် မသက်မသာရပ်နေသော ဝမ့်ပမ်ရှန့်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။ "ပြောစမ်း၊ ဘာတွေဖြစ်နေတာလဲ၊ သေချိန်ကိုတောင် မပြောနိုင်ဘူးလား၊ မင်း ဘာတွေလုပ်နေတာလဲ!"

  "အလောင်း..." ဝမ့်ပမ်ရှန့်က အသံတုန်တုန်ယင်ယင်ဖြင့် ကျွော့ချင်းကို သတိကြီးစွာ စိုက်ကြည့်နေပြီး သူမက တိတ်ဆိတ်နေသည်ကို မြင်သောအခါ "အလောင်းပေါ်မှာ အဲ့လို မီးလောင်ဒဏ်ရာတွေ ရှိနေပြီး ‌တောင်းတင်းစပဲရှိသေးတယ်၊ အဲ့တာက မကြာခင်ကမှ ကွယ်လွန်သွားတယ်လို့ ညွှန်ပြနေတာပါ..."

  ကျွော့ချင်းက ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်တော့ ဝမ့်ပမ်ရှန့်က ချက်ချင်းပင် ဘာမှ မပြောဝံ့တော့ပေ။ အခုန သေဆုံးသူ၏ ကျောပြင်တွင် ဒဏ်ရာများကို မြင်လိုက်ရကြောင့် သူတကယ်ပင် အရှက်ရသွားခဲ့သည်။ သူကိုယ်သူ ယုံကြည်မှုလွန်ကဲမိသောကြောင့် ထိုကဲ့သို့သော အရေးကြီးသည့်အချက်ကို လျစ်လျူရှုမိခဲ့သည်။ ဒီထူးဆန်းတဲ့ လူငယ်လေး ပြောတာတွေက မမှားမှန်း သူ သိတာကြောင့် တကယ်ကို ရှက်နေမိသည်။

  ဝမ့်ပမ်ရှန့်က တုံ့ဆိုင်းနေပြီး ဘာမှပြန်မပြောနိုင်တော့တာကြောင့် ကျွော့ချင်းက အေးစက်စွာ ပြောလိုက်သည်။ "ဒီကိုလာ"

  သူက ဘာလုပ်ချင်တာလဲ! ဝမ့်ပမ်ရှန့်က လန့်သွားပြီး ရှေ့ကို တိုးရမလား မတိုးရမလား စဉ်းစားနေမိသည်။

  သူ့မျက်နှာမှာရှိနေတဲ့ ခုခံမှုကိုမြင်တော့ ကျွော့ချင်းက စိတ်မရှည်စွာနဲ့ "လာပါ!"

ငါက သူ့ကို ကိုက်စားမှာမို့လိုလား? တုန့်ဆိုင်းတုန့်ဆိုင်းလုပ်နေတယ်။

  ဝမ့်ပမ်ရှန့်က တံတွေးမျိုချလိုက်ပြီး ကျွော့ချင်း၏ အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ ဘာတွေဖြစ်နေသည်ကို သူ မသိခဲ့ပေ။ သူ့လို အသက်အရွယ်က ထိုကဲ့သို့သော လူငယ်တစ်ဦးနှင့် ရင်ဆိုင်ရသောအခါတွင် အမြဲတမ်း အပြစ်ရှိသလို ခံစားခဲ့ရသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now