CH- 45

1.6K 197 18
                                    

    အခန်း ၄၅ အလောင်းမှ သဲလွန်စများ

  "ခဏနေပါဦး" အေးစက်စက် အမျိုးသမီးအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ ကျွော့ချင်းရဲ့ မျက်လုံးတွေထဲမှာ အလင်းရောင်လေးများ တောက်ပနေသည်။ သူမက ခေါင်းနောက်ဖက်က ဆံပင်တွေကို ဂရုတစိုက် ဖယ်ကြည့်လိုက်ပြီး တည်ငြိမ်အေးဆေးစွာနဲ့ ဆက်ပြောနေသည်။ "သေဆုံးသူရဲ့ ဦးခေါင်းနောက်ဘက်က နောက်စေ့အထက် တစ်လက်မနေရာမှာ ဒဏ်ရာတစ်ခုရှိနေတယ်။ ဒဏ်ရာအစွန်းတွေက သေးငယ်တဲ့ အပ်နဲ့ ထိုးထားသလိုမျိုး သပ်သပ်ရပ်ရပ်ဖြစ်နေပြီး ဒဏ်ရာ ပတ်ပတ်လည်က ဦးရေပြားက ညိုပြာရောင်ဖြစ်နေတယ်။ နှိပ်ကြည့်လိုက်တော့ အနက်ရောင် အမဲစက်အနည်းငယ်နဲ့ သွေးတွေ ပြည့်လျှံနေတာကို တွေ့ရတယ်"

  ဦးခေါင်းရဲ့ အနောက်ဘက်မှာ ဘာလို့ အပေါက်ရှိနေတာလဲ?

  ပင်မခန်းမတွင် ဆွေးနွေးမှုများစွာ ရှိနေခဲ့သော်လည်း ကန့်လန့်ကာအနီးတွင် ရပ်နေသော လူအနည်းငယ်ကတော့ ငြိမ်သက်စွာ တွေးဆနေကြသည်။

  ရှန်ယုလန်ကတော့ အရမ်းကို စူးစမ်းချင်စိတ်များ ပေါက်ဖွားနေတော့သည်။ သူမ ဘယ်ကနေ သင်ယူခဲ့တာလဲ? သူမ၏ အလောင်းစစ်ဆေးခြင်း အဆင့်များ၊ အလောင်း၏ လက္ခဏာများကို ဖော်ပြချက်များ နှင့် သူမ၏စစ်ဆေးမှု အသေးစိတ်အချက်အလက်များကို ကြည့်လျှင် သူမက မည်သည့် ထူးချွန်သော ပညာသင်သားများထက်မဆို နိမ့်ကျမည် မဟုတ်ပေ။

  ယန်းဟုန်ထျန်းလည်း အံ့သြနေခဲ့သည်။ အေးဆေးတည်ငြိမ်ပြီး အာရုံစူးစိုက်မှုအပြည့်နှင့် အလောင်းကို မျက်နှာမူထားသော မိန်းခလေးက အမှန်တကယ်ကို သူ သိခဲ့တဲ့ လှပတဲ့ မိန်းမပျိုလေး ဟုတ်ရဲ့လား?! သူလူ မှားနေတာလား?! မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်ဘူး! နှစ်တွေကြာလာတာနဲ့အမျှ သူမရဲ့ အသွင်အပြင်က သူ့စိတ်ထဲမှာ မကြာခဏ ရှိနေခဲ့တာကြောင့် သူ လူမှား မှတ်ထားတာမျိုး မဖြစ်နိုင်ဘူး! သူ့​​ရှေ့ကလူက အရမ်းထူးဆန်း​နေ​ပေမယ့်​ အရင်ကလို ဆွဲဆောင်မှုအပြည့်နဲ့ ချစ်​စရာ​ကောင်း​နေ​သေးတယ်​! ဆိုတော့ သူမမှာ မျက်နှာ ဘယ်နှစ်ရှိနေတာလဲ!

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now