ch 128

45 14 0
                                    

နင်ရှောင်ရှောင် လုံးဝ အံသြသွားလေပြီး နောက်တစ်စက္ကန့်တွင် သူမ ကျယ်လောင်စွာ အော်လိုက်လျက်သား ။

ရလဒ်အနေနဲ့ သူမရဲ့လက်တွေ တုန်ခါသွားကာ သူမဖုန်းဆက်နေရင်း အံ့ဩတုန်လှုပ်စွာနဲ့ မတော်တဆ  ဖုန်းချမိသွားခဲ့ပါတယ်။

ချီကျင့် ကမူ ရှန်ယန့်ရဲ့ ရင်ခွင်ပေါ်တွင် လဲလျောင်းရင်း  ရယ်နေခဲ့ကာ  မကြာခင်မှာဘဲ  နင်ရှောင်ရှောင်က နောက် တစ်ကြိမ်ထပ်ခေါ် လာခဲ့လေတာ်။

ဤတစ်ကြိမ်တွင် ချီကျင့် က နင်ရှောင်ရှောင် စကား ပြောလာရန် မစောင့်ဘဲ  ပြုံးကာ

"နောက် တစ်နာရီကြာရင် နောက်ဆုံးအကြိမ်က တွေ့ခဲ့တဲ့ဆိုင်မှာ တွေ့မယ်  - ဒီ တစ် ခါ မင်း ကျွေး ရ မှာ ။"

သူ နောက်ဆုံးစကားလုံးနှစ်လုံးကို အလေးပေးကာ ပြောခဲ့လေတယ်။

ထိုသို့ပြောပြီးနောက် နင်ရှောင်ရှောင် ရဲ့ ဒုတိယမြောက်အော်သံ အကြားတွင် ရယ်မောကာ ဖုန်းကို တိကနဲ ချ လိုက်လေတယ်။

သူ့လက်ကို လွှတ်ချလိုက်သည်နှင့် ဖုန်းကလည်း ခေါင်းအုံးပေါ်သို့ ပြုတ်ကျသွားကာ—သူကိုယ်တိုင်လည်း ဖုန်းကို ကောင်းကောင်းပြန်ထား ဖို့ရာ အနည်းငယ်ထရန်ပင် ပျင်းနေခဲ့ပါရဲ့။



သူ့နောက်ကလူရဲ့လက်မက သူ့ရဲ့လက်ဖမိုးတစ်ခြမ်းကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး၊ သူရဲ့လက်ချောင်းလေးများအား  ကွေးညွတ်လိုက်ကာ ကလေးဆန်စွာဖြင့် ဆော့ကစားလိုရ်ရင်း  တစ်ဖက်လူကို နောက်ပြန်လှည့်ကာ ညင်သာစွာ ဖက်ထားလိုက်လေတယ်။

"ယားတယ်မလား"

ချီကျင့် က ဦးစွာ ရယ်မောလိုက်ပြီး ခေါင်းကို လှည့်ကာ  "မွ" ဟူသော အသံဖြင့် နမ်းလိုက်လေတယ်။

ထိုလူက ဘာမှ မပြောဘဲ ခေါင်းကိုသာ ငုံ့ထားနေခဲ့လျက်။ သူ့နှာခေါင်းထိပ်ဟာ  ချီကျင့်ရဲ့ နားနောက်ဘက် ရှန ဆံပင်များထဲသို့ တိုးဝင်သွားကာ ထိုရနံ့ကို ရှုရှိုက်ရင်း မျက်လုံးများမှိတ်သယောင်။



ယခင်က ချွေးများဖြင့် စိုစွတ်နေခဲ့သော ဆံနွယ်များကမူ ယခုအထိ လုံးဝ ခြောက်မသွားသေးဘဲ အနည်းငယ်  စုကပ်နေလျက်။

သူ့အရေပြားနဲ့ ပွတ်လိုက်တဲ့အခါ နည်းနည်းတော့ စီးကပ်ကပ်ဖြစ် နေခဲ့ရာ ချီကျင့်  က ညင်ညင်သာသာ ရယ်မောပြီး သူ့ပုခုံးကို ညှစ်လိုက်တယ်။

ထိုအချိန်တွင် သူ့နောက်မှလူက ရုတ်တရက် သူ့အား သူ့ရင်ခွင်ထဲသို့  တင်းကြပ်စွာ ဖတ်ထားလာကာ ထိုသူ့ရဲ့မျက်နှာလည်း ချီကျင့်ရဲ့နောက်ကျောမှ ဖြည်းညှင်းစွာ အောက်သို့ ရွေ့လျားသွားလေရဲ့။

Has llegado al final de las partes publicadas.

⏰ Última actualización: a day ago ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

exclusive rights to an online voice actor Donde viven las historias. Descúbrelo ahora