Chapter 158
ယဲ့ပင်းရန် သူ့လက်ချောင်းများကို တင်းကြပ်စွာဆုပ်ထားလိုက်မိသည်။ လွန်ခဲ့သောသုံးနှစ်ခန့်က မြေပြင်အောက်သို့ သူ့ဝိညာဉ်အသိစိတ်ဖြင့် ထိုးဖောက်ကြည့်လိုက်သည့်အခါ အလောင်းက ပျောက်ဆုံးနေပြီး မှော်အစွမ်းအချို့ရှိနေသည့် ခြေရာလက်ရာအချို့ကို မြင်လိုက်ရသည်။ ရှန်းလျိုရှန့် အသက်ရှင်နေသေးကြောင်း ရေးတေးတေး ခံစားနိုင်သော်လည်း သဲလွန်စများကို စွမ်းအားကြီးမှော်က ဖုံးကွယ်ထားခဲ့သည်။ သို့ဖြစ်၍ သူ အသက်ရှင်နေမည်ဟု မမျှော်လင့်ခဲ့တော့ပေ။
ရှန်းလျိုရှန့်က ညာဘက်ခြေထောက်ကိုပွတ်လိုက်သည့်အခါ အရိုးထဲအထိ နာကျင်သွားကြောင်း သိလိုက်ရသည်။ နာကျင်မှုကြောင့် မျက်လုံးများမှေးကျဉ်းသွားပြီးနောက် မေးလိုက်သည်။
" ဒီနှစ်တွေထဲ ဘယ်လိုလဲ..."
" နေထိုင်ကောင်းပါတယ်..."
ယဲ့ပင်းရန်က ရှန်းလျိုရှန့်၏ ရှက်ရွံ့နေသည့်ပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် အုတ်ဂူဘေးနားတွင် နှစ်ပိုင်းဖြစ်နေသည့် ပေါက်တူးကို ကြည့်လိုက်သည်။
" ငါချထားတဲ့ အတားအဆီးကြောင့် မင်း ဒဏ်ရာရသွားတာလား..."
" ဟမ်..."
ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်ပြီး ရယ်လိုက်သည်။" မဟုတ်ပါဘူး... ငါ့အုတ်ဂူကိုငါ လာလည်တုန်း ကံဆိုးပြီး သစ်ပင်လဲကျတာနဲ့ ကြုံသွားလို့ပါ... ငါအခု အခြေခံအုတ်မြစ်တည်အဆင့်ကို ပြန်ရောက်သွားတော့ ဘာမှမလုပ်နိုင်တော့ဘူးလေ ရယ်ရတယ်မလား.."
ယဲ့ပင်းရန် ခဏတာ ငြိမ်သက်သွားပြီးနောက် သူ့ခြေသလုံးကို တမင်ဖိညှစ်ကြည့်လိုက်သည်။
ရှန်းလျိုရှန့် နာကျင်မှုကြောင့် အော်ဟစ်တော့သည်။
" ဖြည်း ဖြည်းဖြည်းလုပ်ပါ..."ယဲ့ပင်းရန်က ပြောလာသည်။
" မင်းက အခြေခံအုတ်မြစ်တည်အဆင့်မှာပဲ ရှိသေးတာဆိုတော့ ငါ့မှာရှိတဲ့ နတ်ဆေးတွေနဲ့ ကုလို့မရလောက်ဘူး..."" ငါသဘောပေါက်တယ် ရပါတယ်..."
ရှန်းလျိုရှန့်က မြေကြီးတွင် လက်ထောက်ထားပြီး သူ့ခွန်အားကိုသုံး၍ မနည်းမတ်တပ်ရပ်လိုက်သည်။
" ဒီနေရာကို တခြားသူ..."