အပိုင်း၁ : ထွက်သွားဦးမှာလား
87.9K 2.9K 35
အပိုင်း ၁ : ထွက်သွားဦးမှာလား
သူမ၏အကြောအခြင်တွေ ပြတ်ကျသွားစေနိုင်သည့်၊ သူမ၏၀ိဥာဉ်ကို ပျောက်ကွယ်သွားစေနိုင်သည့် မျက်လုံးတစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။
"အား"
သူမ၏ ဖျော့တော့နေသော လက်ချောင်းလေးများ ပြုတ်ကျသွားရတော့၏ ။
တစ်ဖန် သူမကိုယ်ခန္ဓာသည် နာကျင်မှုများဆီမှ လွတ်မြောက်သွားချေပြီ။
ငရဲရောက်သွားတာလား?
ငါ သေသွားခဲ့တာ သေချာပါတယ်။
ဘာလို့များ မကောင်းဆိုးဝါးကြီးရဲ့ ဘေးကို ထပ်ရောက်နေရတာပါလိမ့်?
သူမ၏စိတ်တို့ ရှုပ်ထွေးသွားသည်။
အကြောင်းမူ ထိုလူကြီး၏ကိုယ်ငွေ့များနှင့် ထိကပ်နေချေသောကြောင့်ပင်။
"ကျွန်မကို မထိနဲ့"
တစ်ချက်လှုပ်လိုက်သည်နှင့်
ရေခဲတုံးကြီးနှင့် အထိခံလိုက်ရသကဲ့သို့။
သူ့ တွင် သရဲတစ္ဆေဆန်သည့်၊ သွေးဆာနေသော အမူအရာ တို့ ဖွဲ့တည်နေပြီး သူ၏ ရေခဲတမျှအေးစက်နေသည့် နှုတ်ခမ်းအစုံသည် သူမ နှုတ်ခမ်းနုနုဆီ ရုတ်ခြည်း ကျရောက် လာသည်။ ဤသည်ကား သူမ တစ်ကိုယ်လုံးကို သိမ်းကြုံးဝါးမြိုတော့မတတ်ပင် ။
ရီဝမ်ဝမ် နာကျင်မှုကို ခံစားလိုက်ရ၍
ဖြောင့်ဖြောင့်ပင် မတွေးနိုင်တော့။
သူမ သတိတရ မေးလိုက်သည်ကား။
"ဘာလို့လဲ.... ဘာလို့ ကျွန်မလဲ.... စီရီဟန်.... ဘာလို့ ကျွန်မ ဖြစ်နေရတာလဲ"
"ဘာလို့လဲဆိုတော့ မင်းဖြစ်နေလို့ပေါ့"
သူရဲ့ လေးနက်သည့်အသံကို ကြားလိုက်ရသည်က
သူမရဲ့ ၀ိဥာဉ်ကို သံကြိုးအထပ်ထပ်ဖြင့် အကျဉ်းချလိုက်သယောင်။
သူမအရင်ဘ၀တုန်းက ဤကဲ့သို့ အဖြေမျိုး ကြားပြီးသည့်နောက် ရီဝမ်ဝမ်
ကိုမာဝင်သွားခဲ့ဖူးပါ၏ ။
..............
သူမ၏မျက်လုံးတို့ တဖန်ပြန်ဖွင့်လိုက်သည့် အချိန် ညကောင်းကင်၏ အမှောင်ထုသည် နေ့အလင်းရောင်သို့ပင် ပြန်ရောက်လို့ လာခဲ့ချေပြီ။