Book. : 5
Chapter. : 18 + 19 + 20 + 21 + 22 + 23 + 24 + 25
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၁၈ : ဒက်ဒီ ကျန်း ကယ်တင်ဖို့ ရောက်လာပြီ
ရီဝမ်ဝမ်သည်ကား ။ အလှမ်းအနည်းငယ်အကွာတွင် ရပ်လို့နေရင်း ။ ကြမ်းပြင်ပေါ် လဲပုံကျနေသည့် ရှန်းမန်ချီကို ကြည့်လို့နေပါ၏ ။
အချိန်အချို့ကြာပြီးသည့်နောက် ။ သူမ ။ နှလုံးသားလေး တဆစ်ဆစ်ကိုက်ခဲနေပါသည့် မျက်နှာလေးဖြင့် ဖြည်းဖြည်းလေး လျှောက်သွားပြီး တိုးညင်းစွာ ပြောလိုက်သည်ကား ။ " မန်ချီ... ဒါ ဘယ်လို ဖြစ်ရတာလဲဟင်.... နင်က ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ....?
ငါ့အစ်ကိုလည်းပဲ အဲဒီလိုပဲလား ? သူက နင့်အတွက် အသုံးမ၀င်တော့လို့ သူ့ကို စွန့်ပစ်ခဲ့တာလား ?
ဒါမှမဟုတ်.... ငါ့အစ်ကိုက နင့်အတွက် အသုံးဝင်တဲ့သူ ဖြစ်နေသေးပြီး အရံလူတစ်ယောက် ဖြစ်နေပြီလား ? "
ဒါကို ကြားလိုက်ရသည်နှင့် ။ ချက်ချင်းပင် နိုးထသွားရတော့သည့် ရှန်းမန်ချီ ။
ရီဝမ်ဝမ်သည် သူမရင်ထဲတည့်တည့်ကို ထိုးဖောက်ပြော
တတ်လိမ့်မည်ဟု သူမသည် မမျှော်လင့်ထားခဲ့မိရာ ။
ချက်ချင်းပင် ။ စိုးရိမ်တကြီးဖြင့် ရှင်းပြရပါတော့၏ ။
" ငါ မဟုတ်ဘူး ! ၀မ်ဝမ် ၊ နင်ကတော့ ငါ့ကို ယုံကြည်ပေးရမယ်နော် ! ဒါတွေအားလုံးက အထင်လွဲနေကြတာ ! အကိုမူဖန်အပေါ်ကို ငါက ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး လုပ်ပါ့မလဲ ? ငါက တကယ်ကိုပဲ သူ့ကို ကူညီပေးချင်ခဲ့တာပါ ! "
ငြင်းလို့မရနိုင်သည့် သက်သေတွေရှိနေတာတောင်မှ ။
ရှန်းမန်ချီကား သရုပ်ဆောင်လို့နေသေးတုန်းဆိုတာကို မြင်လိုက်ကြရသည့်အခါ။
လူတိုင်းပင် သူမအား ပိုတိုးလို့ နှာခေါင်းရှုံ့မိသွားကြပေပြီ ။
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...