Chapter. : 60 + 61
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၆၀ : ၀မ်ဝမ် : အိပ်ဆေး ?
အဘွားသည် သူမ မြေးရှိရာ ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလာသည်။ " ဒါက ၊ သိပ်မသေချာဘူး ။ ညစာ စားပြီးတော့
၉ လေးကို ၀မ်ဝမ့်ကို ခေါ်ပြီး ခြံထဲ လမ်းလျှောက်ကြဖို့ ပြောလိုက်တာ။ ပြန်ရောက်မလာကြဘဲ တော်တော်လေး ကြာနေတာနဲ့ ဒီကလေးနှစ်ယောက်ကို လိုက်ရှာနေတုန်း ၉ လေးက
ဝမ်ဝမ့်ကို မှီထားပြီး အိပ်ပျော်နေတာကို တွေ့လိုက်ရတာပဲ ။
၉ လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ် ဆိုတာက ရှားတာမို့
ဝမ်ဝမ့်ကို သူ့ကို မနှိုးခိုင်းတော့ဘဲ ဆက်အိပ်နေစေလိုက်တော့တာ "
နဖူး တွန့်သွားသည့် မို ရွှမ်း ။ " ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ? ကျွန်တော် သခင်လေး ၉ နဲ့ အတူရှိလာတာ ဒီလောက်ကြာနေပြီ ။
သူ ဘယ်တုန်းကမှ ပုံမှန်အတိုင်း အိပ်မပျော်ခဲ့ဖူးဘူး — — ဒါက ပထမဆုံး အကြိမ်ပဲ ! "
မဟုတ်ရင် ကျွန်တော် ဒီတစ်ချိန်လုံး သူ့အတွက် ခေါင်းခဲနေခဲ့ပါ့မလားဗျ !
ထိုအခိုက် ရွှီ ရီ သည် တစ်ခုခုကို အမှတ်ရသွားလေဟန်။ သူ့ရဲ့မျက်လုံးတို့ အရောင်တောက်သွားပြီး မြန်မြန်
ဝင်ပြောလာသည်။
" မဟုတ်ဘူး.... တကယ်တော့ ဒါက ပထမဆုံးအကြိမ် မဟုတ်သေးဘူး ခင်ဗျ ! "
" ပထမဆုံးအကြိမ် မဟုတ်ဘူး ? ဘာအဓိပ္ပာယ်လဲ ? "
မို ရွှမ်း နဲ့ အဘွားသည် ရွှီ ရီ ကို တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။
ရွှီ ရီ သတိရသွားဟန်ဖြင့် ပြောလာသည်။ " ကျွန်တော် မှတ်မိပြီ ခင်ဗျ။ တစ်ညတုန်းကလည်း သခင်လေး ၉ ရယ် ဒီလိုအခြေအနေမျိုးနဲ့ အိပ်ပျော်သွားခဲ့သေးတယ် "
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...