စာစဉ် ၄ ၊ အခန်း ( ၃ + ၄)
17.9K 2K 24
Book. : 4
Chapter. : 3 + 4
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၃ : အတင်းအဖျင်းသမား
" ဒါနဲ့ ။ ၀မ်ဝမ် ။ နင် စီရှားနဲ့ ဘယ်တုန်းကစပြီး ရင်းနှီးသွားခဲ့တာလဲ ? သူက ဆရာမအရှေ့မှာ နင့်အတွက် ကူပြောပေးရုံတင်မကသေးဘူး ။
နင့်ကို ရိုက်လိုက်တဲ့ ချန်းရွှေရဲ့လက်ဝါးစာကိုပါ ၀င်ခံပေးခဲ့တယ်ဆို " ရှန်းမန်ချီ စူးစမ်းလိုက်ခြင်း ။
အရင်တုန်းက လင်းဒုံနဲ့ကိစ္စမှာ စီရီဟန်အပေါ် လုံးဝသက်ရောက်မှု မရှိခဲ့ဘူး ။ ထို့ကြောင့် ရီဝမ်ဝမ်အပေါ် စီရှား၏ အထူးအလေးပေး ဆက်ဆံခြင်းအကြောင်း သူမ စီရီဟန်ကို သတင်းပို့ခဲ့မယ်ဆိုရင်တောင် အဲဒါလောက်လေးက သူ့အပေါ် သက်ရောက်မှုရှိနိုင်ပါ့မလားဆိုတာ သူမ မသေချာပြီမို့ ။
သူမ မမျှော်လင့်ထားခဲ့သည်ကား စီရီဟန်သည် ရီဝမ်ဝမ်လုပ်သမျှကို ပိုပိုပြီး ခွင့်ပြုပေးလာခြင်းတည်း ။ စီရီဟန်က ဂူရွဲ့ကျီကလွဲရင် တခြားသူတွေကို ဂရုစိုက်စရာလို့ကို မထင်တာများ ဖြစ်နေမလား ?
ဖြစ်နိုင်တယ်....
ရှန်းမန်ချီ သိထားသည်တည်း ။ စီရီဟန်ဆိုသည်မှာ အရှေ့အာရှတိုက် တစ်ခွင်တွင် သ၀န်တိုတဲ့နေရာမှာ ဘုရင်ကြီး ဆိုတာ ။ ရီဝမ်ဝမ် သည် ခွေးလေးတစ်ကောင်လောက်ကို ပွတ်သပ်ချော့မြှူပေးခဲ့မည် ဆိုရင်တောင် စီရီဟန် သ၀န်အတိုလွန်ပြီး အဲ့ခွေးကို ရိုက်ထုတ်ပစ်မည်ပင် ။ လင်းဒုံလို လူသားဆိုလျှင် ပိုဆိုးရော့ ။
" စီရှားက စိတ်ထားကောင်းတဲ့သူ မလို့ပေါ့ ! "
ရီဝမ်ဝမ် ပြန်ဖြေလိုက်သည်နှင့် ။
သီးလုနီးပါး ဖြစ်သွားရသည့် ရှန်းမန်ချီ ။ သူမလေးအား သတိပေးစကား ဆိုလိုက်ပါ၏ ။ " ဘယ်လိုပဲ ဖြစ်ဖြစ်ပါဟာ ။ နင် ဂရုစိုက်တာက ပိုကောင်းလိမ့်မယ် ။ နင့်ကို လိုက်ကပ်နေတဲ့ စီရှားမှာက သူ့ကို ကြိုက်နေကြတဲ့ မိန်းကလေးတွေက အများကြီးပဲ ။ အထူးသဖြင့် ချန်းရွှေပဲ ! နင့်ကို အထိနာအောင်လို့ ဒီပို့စ်ကို တင်ခဲ့တဲ့သူက ချန်းရွှေဖြစ်ဖို့ ၈၀% ရှိတယ် ! "