စာစဉ် ၄ ( ၆ )
16.5K 1.9K 14
Book. : 4
Chapter. : 6
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၆ : နင် ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူးလား ?
ရီဝမ်ဝမ်အနေနဲ့ကား စီရီဟန်ဆီသွားပြီး ရှင့်တူတော်မောင်လေးက ကျွန်မကို လိုက်နှောင့်ယှက်နေပါတယ်လို့ ပြောဖို့သည် မဖြစ်ချေဘူး မဟုတ်လော ?
အဲဒီဆက်ဆံရေးတို့က ရောထွေးလို့ နေသည် —— စီရီဟန်သည်
စီရှား ရဲ့ ဦးလေး ၉ ဖြစ်နေတာမို့ သူမသာ အလောတကြီးဖြင့် အတိုင် အပြော ထူမိလိုက်ပါက သူတို့နှစ်ယောက်အကြားတွင် တင်းမာမှုမျိုးစေ့ ကို စိုက်ပျိုးပေးလိုက်သလို ဖြစ်သွားပေရော့မည် မဟုတ်ပါလော ?
ရီဝမ်ဝမ် ။ ဤပြသနာကို ဘယ်လိုဘယ်ပုံ ဖြေရှင်းရမည်ကို စဉ်းစား နေသခိုက် ။ ရုတ်တရက် ။ သူမအနားတစ်ဝိုက်ဆီကနေ စိတ်ဆိုး နေသည့် အသံတစ်သံကို ကြားလိုက်လေပြီ ။
" ကျန်းယန်ရန် ။ မင်း ဒီလောက် ယုတ်မာလိမ့်မယ်လို့ ငါကွာ ငါ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး ။ မန်ချီကို အကွက်ချပြီး သူမကို နာကျင်အောင်လုပ်ခဲ့တဲ့အပြင်ကို သူမရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီး
ပစ်ဖို့အတွက်ပါ ကျောင်းဖိုရမ်ပေါ်မှာ ဒီလိုပို့စ်ကို မင်း တင်ခဲ့သေးတယ် တောက် မင်းကွာ မင်း ? ! "
ရီဝမ်ဝမ်၏မျက်ခုံးတို့ မြင့်တက်သွားရပြီ ။
တိုက်တိုက်ဆိုင်ဆိုင် စုန့်ကျီဟန်ကြီးပါလား ?
စုန့်ကျီဟန်၏မျက်နှာသည်ကား ဒေါသတို့ဖြင့် မှုန်ယိုနေပြီး ။
သူ့ရှေ့တွင် ရပ်နေသည့် မိန်းကလေးသည်ကတော့ ဖျော့တော့လို့ နေလျက် ။ သူမမျက်လုံးတို့သည် နီရဲနေပြီး သူမခန္ဓာကိုယ်သည်ကား တုန်လှုပ်နေရင်း စိတ်ခံစားချက်တို့ ဗရပွဖြင့် ရှင်းပြလာပါ၏ ။
" အဲဒါက ငါ တင်ခဲ့တာ မဟုတ်ပါဘူးလို့ အကြိမ်ကြိမ် ပြောပြခဲ့ပြီးပြီ ! တကယ်လို့ ငါလုပ်ခဲ့တာပါဆိုရင်တောင်မှ အဲဒီပို့စ်က ဘာမှားနေလို့လဲ ? သူမက ငါ့ရဲ့လူကို ခိုးနေခဲ့တာ မဟုတ်လို့လား ? သူမက ငါတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို သစ္စာဖောက်ခဲ့တာကော မဟုတ်လို့လား ? "