Book. : 4
Chapter. : 32 + 33
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၃၂ : စိတ်လှုပ်ရှားလွန်ခြင်း
ဝစီမှုတ်ပြီ ။ ပြိုင်ပွဲသည် တရားဝင် စတင်ပါလေပြီ ။
ရီဝမ်ဝမ် ။ သူမ အဆင်သင့်ပြင်လာခဲ့သည့် ကြက်သားကြော် ၊ ပေါက်ပေါက်နှင့် ကုတ်တစ်ဘူးကို သူမရဲ့လွယ်အိတ်ထဲကနေ ထုတ်ယူလိုက်ပါတော့၏ ။ ပြိုင်ပွဲကို ကြည့်နေရင်း စိတ်ကျေနပ်စွာဖြင့် အစားအသောက်ကို တစ်လှည့်စားသောက်နေလိုက်ရင်း ။
သူမ အရမ်းအစားမက်ခြင်းသည်က သရုပ်ဆောင်တစ်ယောက် ဖြစ်ရဖို့ အစား မန်နေဂျာတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့သည့် အကြာင်းရင်းကြီး တစ်ရပ်လည်း ဖြစ်နေသည်တည်း ။ သူမရဲ့ဝိတ်ကို ထိန်းသိမ်းနေရမည် ဆိုလျှင် ၊ ဟိုစပ်စပ်ဒီစပ်စပ် စားချင်သည်တို့ကို ချုပ်တည်းထားရပါမည် ဆိုလျှင် သူမအဖို့ အသက်ရှင်နေရတာက ဘာအဓိပ္ပာယ်ရှိပါတော့မလဲ?
ကျင်းဥယျာဉ်မှ စိုက်ခင်းကြီး ကောင်းကောင်းမှ ရှင်သန်နေရဲ့လား ဆိုတာကို သူမ သိချင်မိသွားရပါ၏ ။ သူတို့ ဘယ်လိုပုံစံမျိုး ရှိလာပြီ လဲဆိုတာကိုလည်း သိချင်သွားရပါပြီ ။ သူမရဲ့ ကြက်ပေါက်ကလေး တွေရော ၊ ငါးလေးတွေ ၊ စပျစ်သီးလေးတွေ.....
ရီဝမ်ဝမ် နည်းနည်းလောက် စိတ်ပျံ့လွင့်သွားသခိုက်လေး ။
ပြိုင်ပွဲရလဒ်သည် ၁၁ : ၀ ဖြစ်သွားရပြီ ။
ချင်းဟော် ၁၁ မှတ် ၊ ကျင်းရှူ ၀ မှတ် ။
" ဘာတွေ ဖြစ်နေတာလဲ ? "
ရှော့ရသွားတော့သည့် ရီဝမ်ဝမ် ။
ကျန်းယန်ရန် ။ သူမရဲ့ခေါင်းလေးကို ယမ်းလိုက်ပြီး ။ " ငါ မသိဘူး ။ ချူဖုန်းကို ကြည့်ရတာ ဒီနေ့ သိပ်အခြေအနေမကောင်းသလိုပဲ "
အလျင်အမြန်ပင် ရီဝမ်ဝမ် ချူဖုန်းဆီ ကြည့်လိုက်ပါပြီ ။
သူမ မြင်လိုက်သည်ကား ။ သူသည် အမှားတွေအများကြီးကို ဆက်တိုက်ဆက်တိုက် လုပ်နေပြီး သူ့ရဲ့ခြေလှမ်းတို့သည် အရက်မူးသမား တစ်ယောက်နှယ် ။ ယိုင်နဲ့နဲ့ ယိုင်တိုင်တိုင် ။
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...