Book. : 4
Chapter. : 36
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၃၆ : မင်း ကြက်သွေးများ သောက်မိသွားတာလား
သူမရဲ့ထိုင်ခုံဆီ ပြန်သွားလိုက်ပြီးနောက် ။
ပုံလဲကျတော့မတတ် ဖြစ်သွားရတော့သည့် ကျန်းယန်ရန် ။
ရီဝမ်ဝမ်သည်ကား သူမရဲ့သမီးလေး လူလားမြောက်လာသည့်နှယ် ။ သူမမျက်နှာထက်တွင် ပီတိတို့ ယိုဖိတ်လို့နေလျက် ။ " မိုက်တယ်ဟ ! နင် အရမ်းတော်တယ် ! "
" ကျေးဇူးပဲ ။ သင်ပေးတဲ့သူက အရမ်းတော်လို့ပါ " ကျန်းယန်ရန် ခါးသက်စွာဖြင့် ပြုံးလိုက်မိရင်း ။ သူမကိုယ်၌သည်ပင် အံ့အားသင့်
သွားမိလျက် ။ တစ်နေ့တွင် သူမသည် ဒီလိုလေသံ ၊ ဒီလိုစိတ်ထား
နှင့် စုန့်ကျီဟန်ကို ပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့မိခြင်းမို့ ။
ခနအကြာ ။ ဆယ့်ငါးမိနစ်နားချိန် ကုန်ဆုံးသွားချေပြီ ။ ပြိုင်ပွဲနောက်တစ်ချီ စတင်လေတော့ပြီ ။
ဝစီ သံ လျှံထွက်လာပါ၏ ။
ပြိုင်ကွင်းထဲက လေထုသည်လည်း
ရုတ်ခြည်းပင် သိပ်သည်းသွားရပြီ။
ဒီတစ်ချီတွင်တော့ လေထုသည် ခြားနားနေသည်ကို လူတိုင်း သတိပြုမိသွားကြပါ၏ —— ဒေါသခိုးတွေ ဆူဝေနေပြီး နေရာ
တိုင်းတွင် ဒေါသငွေ့တွေ ရှိနေကြလျက် ။
စုန့်ကျီဟန်သည်ကတော့ ချူဖုန်းအား သရော်ကြည့်ဖြင့် ကြည့်နေလေ ပြီး ။ သူ့ဘေးနားဆီမှ သူ့အသင်းသားသည်လည်း မှုန်မှိုင်းစွာသော အကြည့်တို့ဖြင့် " သူက အိမ်မှာပဲ ကပ်တွယ်နေတဲ့ကောင်မှတ်လား ? အသုံးမကျတဲ့ အလကားကောင်ပါကွာ "
" ဟုတ်ပကွာ ! သူ ကစားပုံကလည်း ချီးလိုပဲ ! ငါတို့ဘော့စ်ဆီက ကောင်မလေးကိုများ လာလုရဲသေးတယ် ! "
YOU ARE READING
Romance"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...