စာစဉ် ၅ ( ၁၂ )
15.3K 1.6K 19
Book. : 5
Chapter. : 12
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၁၂ : အိမ်ပြန်ပြီး ပြောကြရအောင်
ရီဝမ်ဝမ်ရဲ့စကားတို့သည် ရှန်းမန်ချီကို ကာကွယ်ပေးသည့်ပုံ ပေါက်နေပါသော်လည်း ။ နောက်ထပ်တစ်ဖန် သူမအား မုန်တိုင်းကြားထဲ တိုက်ရိုက်တွန်းထည့်ပစ်လိုက်ခြင်းပါတည်း ။
" အဲဒီရုပ်ဆိုးမ ရုပ်မလှတာကတော့ ထားပါဦး ။
ဒါပေမယ့် သူမဦးနှောက်ကပါ ကြွက်ကိုက်ခံထားရတာလား ? စေ့စပ်ပွဲရှိခဲ့ပါတယ်လို့ကို ကျီဟန်ရဲ့အမေက ပြောထားပြီးသားဟာကို ။ ၀မ်ဝမ်မ ၊ နားလည်မှုလွဲနေတာပါလို့ ထင်နေသေးတယ် !
မန်ချီကိုမှ တတိယလူလို့မခေါ်ရင် ငါတို့ ဘာကိုသွားခေါ်ရမှာလဲ ? "
" စုန့်ကျီဟန်က တကယ်ပဲ ငါ့လစ်မစ်ကို စမ်းလာတာပဲ ။ တစ်ဖက်မှာ သူက သူ့ဇနီးလောင်းမိသားစုရဲ့ အထောက်အပံ့ပေါ် မှီခိုနေရပြီးတော့ တစ်ဖက်မှာကျတော့ သူမအရှေ့မှာပဲ ပွေလို့ရှုပ်လို့ကောင်းတုန်း !
သူ့မိသားစုက ငွေပြတ်လပ်သွားတော့ဖို့ တဲတဲလေးပဲလိုတော့တာ ။ ဒါတောင် သူ့မှာ အရူးလုပ်လို့ကောင်းတုန်း ၊ အားလုံးရဲ့အရှေ့မှာ ချမ်းသာတဲ့သူဌေးသားလေးလို သရုပ်ဆောင်လို့ကောင်းတုန်း ! "
ရှန်းမန်ချီ ။ သူမရဲ့လက်ကို ကြိုးစားကာ ဆွဲဖြုတ်လိုက်ပါ၏ ။ ရီဝမ်ဝမ်ရဲ့လက်ထဲကနေ လွတ်သွားသည့်အခိုက် ။
လူအုပ်ကြီးသည် သူမကို ၀ိုင်းအုံကာဆီးပိတ်ဆို့ထားကြလေပြီ ။
သူမ အံ့အားသင့်သွားမိပါတော့၏ ။ သူမသည် ဒီလိုပုံစံမျိုး ဖြစ်လာရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပါချေ ။
သူမသည် အမြဲတမ်းပင် ရည်မှန်းချက်မြင့်မြင့်မားမား ထားခဲ့ပါ၏ ။ သူမ၏အကြီးမားဆုံးသော ပန်းတိုင်သည်က စီရီဟန်နှင့်တွဲရဖို့ရာပါ ။ သို့သော်ငြား ။ ထိုအနှီယောက်ျားသည် ဟိုးအမြင့်ကြီးပေါ်မှာ ရှိနေပါပြီး သူနဲ့ဖြစ်နိုင်ဖို့ရာဖြစ်နိုင်ချေက ဘယ်လောက်တောင်နည်းသလဲဆိုတာကို သူမသည် သိထားသည်တည်းမို့ ။ သူမသည် အလှမ်းမမှီနိုင်သည့် ပစ်မှတ်ကို ထိုင်စောင့်နေသည့် ရူးမိုက်မိုက်လုပ်ရပ်မျိုးလဲ မလုပ်လိုခဲ့ ။