Chapter. : 54 + 55
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၅၄ : သူ့ရဲ့လုပ်ရပ်က ပြောပြလို့နေတယ်
ရီဝမ်ဝမ် စဉ်းစားလိုက်ပြီးနောက်
ကျောင်းဝတ်စုံဖြင့်သာ ဘွားဘွားကို
သွားတွေ့ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
စီရီဟန်၏အဘွားသည် အလွန်အမင်း ကြီးကျယ်ခမ်းနားသည့် အဆင့်အတန်းမှာ ရှိနေပါသော်ငြား ကမ္ဘာပေါ်က အဘွားအားလုံးမှာ တူညီတာတစ်ခုတော့ ရှိကြသည်ပင်။ အများစု မှာ သပ်ရပ်သန့်ရှင်းပြီး ကောင်းစွာ ပြုမူတတ်သည့် မိန်းကလေးကိုသာ သဘောခွေ့ကြတာမို့ ။
ကျောင်းယူနီဖောင်းကလွဲပြီး လိမ္မာယဉ်ကျေးပုံ
ပေါက်စေမယ့် အ၀တ်အစားမျိုး မရှိတော့ ။
သူမမျက်နှာအတွက်မူ မနေ့ညက ပေါင်းတင်ခဲ့ပြီး အသားအရေ ထိန်းသိမ်းခဲ့တာကြောင့် မိတ်ကပ် လိမ်းခြယ်မနေတော့။ သူမရဲ့ ကျော့ရှင်းလှပတဲ့ မဟာနဖူးပြင်လေးကို ပေါ်လွင်နေစေရန် ဆံပင်ကို မြှင့်စည်းထားလျက်။
သူ ထင်ထားသည့် ကြောက်စရာ သရဲမ ပုံစံ မဟုတ်တာကို မြင်လိုက်ရသည့်အခိုက် အချိန် အတော်ကြာ ကြက်သေ, သေသွားမိသည့် ရွှီ ရီ ။ ထို့နောက်မှ ကားထဲက ထွက်ပြီး
နောက်ခန်း တံခါးကို မြန်မြန် ဆင်းဖွင့်ပေးလိုက်တော့၏ ။
ပဟေဠိအကြည့်တို့ဖြင့် နောက်ကြည့်မှန်ကနေ သူမအား
စူးစမ်းလို့နေရင်း။
ရီဝမ်ဝမ်ရဲ့ အရင်တုန်းက အကြိုက်ဆုံးဝါသနာကိုက
သခင်ကြီးရဲ့ သူမကို ချစ်တာကို အခွင့်အရေးယူပြီး
သခင်ကြီးကို ဆန့်ကျင်မယ် ဆိုတာချည်းပဲ ။ သူမ
လုပ်ရပ်တွေက ဘယ်လောက်ပဲ အဓိပ္ပာယ်မရှိရှိ ။
သခင်ကြီးက သူမဆို အမြဲ လုပ်ခွင့်ပြုနေကျ ~
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...