စာစဉ် ၄ ( ၅၀ )
15.1K 1.8K 51
Book. : 4
Chapter. : 50
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၅၀ : မျက်နှာဖုံးနောက်က သိုဝှက်ထားတဲ့မျက်နှာ
" မလိုပါဘူး.... ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ ! တကယ်တော့ ကျွန်တော်လည်း ပျင်းသလိုလိုရှိလာတာနဲ့ ဒါတွေကို ၀ယ်ချလာခဲ့ လိုက်ရုံပါ ! "
ဒီနောက် ။ ချူဖုန်း ။ လျင်လျင်မြန်မြန်ပင် ရီဝမ်ဝမ်ဘက်သို့ လှည့်ကာ ။
" ၀မ်ဝမ်မမလည်းပဲ ကြိုက်တာယူပါ ! "
သူ ငါ့ကို မမလို့ ခေါ်လိုက်တာလေးက
အတော်လေးကို နားဝင်ချိုလှချည်လား ။
ရီဝမ်ဝမ်၏နှုတ်ခမ်းထောင့်စွန်းတို့သည်ပင် ကွေးတက်သွားရချေတော့ပြီ။
" ဒါဆို အားမနာတော့ဘူးနော် ! "
သူတို့သုံးဦးသားသည်ကား စုန့်ကျီဟန်ကို လုံးဝအတိပင် လျစ်လျူရှုထားကြခြင်းပါတည်း ။ သူတို့ရဲ့မနက်စာကိုသာ ပျော်ရွှင်မြူးတူးစွာဖြင့် ခွဲယူလို့နေကြသည် ။
စုန့်ကျီဟန်ကား လက်ထဲကအိတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့ ထားနေချေပြီ ။ သူသည် သူ့ဘ၀တစ်လျှောက်လုံးတွင် ဒီလောက်ထိ အရှက်မရခဲ့ဖူးပါချေ ။ ဒါကြောင့် ။ သူ့ရဲ့မျက်နှာသည် မည်းမှောင်လို့ လာပြီး ဒေါသတို့ ပြည့်နှက်လာကာ ။ " ကျန်းယန်ရန် ! မင်းက ဒီလိုအတန်းအစားထဲကလို့ ငါ ပြောမထွက်ခဲ့မိတာ မှားသွားတယ် —— ငါ့ရှေ့ကျတော့ ချစ်တယ်လေး ၊ ဘာလေးနဲ့ ။ ငါ့နောက်ကွယ်မှာကျ မင်းက ဖောက်ပြားနေခဲ့တာပဲ !
မင်း ဒီရုပ်ဆိုးမအခန်းထဲ ပြောင်းသွားကတည်းက သူမဓာတ်တွေ ကူးတော့မယ်လို့ မန်ချီကတော့ ပြောထားဖူးသား ။ အင်းလေ ။
' ခွေးနဲ့အနေနီးမှတော့ ခွေးစိတ်ပဲ ပေါက်မှာပေါ့ ' ။ မန်ချီလိုမျိုး အံ့ဩစရာကောင်းလောက်အောင်ကို ကြင်နာတတ်တဲ့ အခန်းဖော် ကိုကျတော့ စွန့်ပစ်ပြီး ဒီမွန်းစတားမနဲ့ တွဲနေတယ် —— မင်း ဒီလောက်ထိ အရှက်မဲ့လာတာ အံ့ဩစရာကိုမရှိတော့ဘူး ! "