Book. : 5
Chapter. : 1 + 2
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၅ ၊ အခန်း ၁ : ရှင်က အားနည်းလွန်းတယ်
ရီဝမ်ဝမ် ။
စဉ်းစားတွေဝေနေခြင်း အလျင်းမရှိဘဲ ထုတ်ပြောလိုက်သည်ကား ။
" ချူဖုန်း ၊ ရှောင်လိုက် ! ညာဘက်ကို ! "
ချူဖုန်း ဆွံ့အသွားမိပါ၏ ။ သို့သော် ။ ကံကောင်းစွာဖြင့် သူ လျင်မြန်စွာ လှုပ်ရှားလိုက်မိပြီး ချက်ချင်းဆိုပင် ညာဘက်ကို ရှောင်လိုက်မိလေရာ ။ စုန့်ကျီဟန်ရဲ့ လက်သီးတစ်ချက်ကို ရှောင်တိမ်းနိုင်သွားခဲ့ပါ၏ ။ ထိုစဉ် ။
" သူ့ဘယ်ဘက်နံရိုးကို ထိုးလိုက် ! "
ရီဝမ်ဝမ် ဆက်ကာပင်ပြောလိုက်ခြင်း ။
စုန့်ကျီဟန် ။ သူ့ဘယ်ဘက်နံရိုးသည် အကာကွယ်လွတ်နေခြင်းပေမို့ ။ သူသည် အချိန်မီ တားဆီးကာကွယ်လိုက်နိုင်ခြင်းမရှိခဲ့ပါချေ ။ ချူဖုန်း ၏လျှပ်တစ်ပြက်ဆန်သည့် ထိုးနှက်ချက်ကို ခံလိုက်ရပြီးနောက် နာနာ ကျင်ကျင်ဖြင့် လဲကျသွားမိတော့ပြီး ။
စုန့်ကျီဟန် ။ ပြန်ထလာပြီး ချူဖုန်းရဲ့ဝမ်းဗိုက်ကို ထိုးနှက်ဖို့ရာ ပြုလိုက်စဉ် ။ ရီဝမ်ဝမ် ထပ်အော်လာပြန်သည် ။ " ရှင့်ရဲ့ဗိုက် ! "
မိနစ်အနည်းငယ်ကြာပြီးသည့်အချိန် ။ အစဦးက လှိမ့်အထိုးခံနေခဲ့ရ သည့် ချူဖုန်း ။ အသာစီးရလာခဲ့ချေပြီ ။ စုန့်ကျီဟန် ဘယ်အကွက်ကို ပဲရွှေ့ရွှေ့ ။သူသည် ရှောင်တိမ်းလိုက်နိုင်ပြီး ပြန်ထိုးနိုင်နေသည်ချည်းမို့။
ခါးခါးသီးသီး ဒေါသထွက်လာပါတော့သည့် စုန့်ကျီဟန် ။ သူသည်ကား ရီဝမ်ဝမ်ကို အစိမ်းလိုက်ဝါးတော့စားတော့မတတ်ပင်စိုက်ကြည့်လိုက်ပြီး
" ချူဖုန်း ။ ဘယ်ကောင်က ယောက်ျားမဖြစ်ထိုက်တာလဲ ? မင်းလိုမျိုး ယောက်ျားရင့်မာကြီးက တိုက်ခိုက်ဖို့အတွက်တောင် မိန်းမတစ်ယောက် ကို မှီခိုနေရသလား ? ! "
ВЫ ЧИТАЕТЕ
Любовные романы"ဒီလူ၊ သူ့အကြိုက်က ဘယ်လောက်တောင် လေးနက်နေရတာလဲ။ စားနိုင်သေးတုန်းပဲလား" နိုးလာသည်နှင့် ရှုပ်ပွနေသောဆံပင်၊ တက်တူးနှင့် ဒီမွန်း သဖွယ် မျက်နှာရှိနေသည့် သူမ၏ အသွင်အပြင်ကို မှန်တွင်ကြည့်လိုက်မိ၏။ တစ်စက္ကန့်ထက် ပိုသာ၍ သူမကို ကြည့်မိပါက သင်တို့ မျက်စိစပ်သွာ...