အပိုင်း၂ : သူ ဒါတွေအားလုံးကို မမှုခြင်း
37.5K 2.4K 6
ဒါပေမယ့် ငါ ဘယ်လို ပြောင်းလဲရမှာလဲ?
စီရီဟန်အတွက်မူ သူမကို ချေမှုန်းရသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသည်ထက်ပင် ပိုလွယ်ချေသည်။ သူလိုချင်တာမှန်သမျှ သူ ရနိုင်သည်။
အမျိုးကောင်းသားအပေါ် သူမ၏ကြောက်စိတ်တို့ကို ဖယ်ထုတ်ရင်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
နည်းလမ်းတစ်ခုတော့ ရှိရမယ်!
အနည်းဆုံးတော့ အရင်ဘ၀ကလို တုံးအတဲ့၊ အသိဥာဏ်မရှိတဲ့၊ ဖိအားပေးခံနေရတဲ့ ဆယ်ကျော်သက်ဘ၀မျိုး ဖြစ်မလာစေရဘူး။
"ဘုရားရေ! ၀မ်ဝမ်..... "
ရုတ်တရက် ခေါ်သံကို ကြားလိုက်၏။
ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသည့်နောက်
ရီဝမ်ဝမ် တောင့်တင်းသွားပြီး
တံခါးမကြီးဆီသို့ လှည့်ကြည့်မိလိုက်၏။
ချက်ချင်းပင် သူမ ဘယ်တော့မှ မမေ့နိုင်မည့် လူတစ်ယောက်၏မျက်နှာကို  မြင်လိုက်ရ၏။
လူတွေ ဘယ်တော့မှ သံသယမ၀င်မည့် မျက်နှာလေးတစ်ခု..
အရင်ဘ၀တုန်းက သူမရဲ့ အကောင်းဆုံးသော သူငယ်ချင်းပင် ဖြစ်ချေသည်။
"၀မ်ဝမ်၊ သခင်လေးစီက နင့်အပေါ် ဘယ်လိုများ လုပ်ရက်ရတာလဲ"
ရှန်းမန်ချီ။ အပြေးလေးဆိုသလို လာလိုက်ပြီး သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။
ရှုပ်ပွနေသော ကုတင်နှင့် ၀မ်ဝမ်၏ ပွန်းပဲ့နေသော ခန္ဓာကိုယ်ကို အလန့်တကြားဟန် ကြည့်လာသည် ။
ရှန်းမန်ချီ၏ တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုကြောင့် နာကျင်စပြုလာသည့် သူမ၏လက်ကို
ဝမ်ဝမ် မျက်လုံးလေးချကာ ကြည့်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ရှန်းမန်ချီ၏ ဖုံးဝှက်ထားသော သ၀န်တိုမှုကို သူမ ဖမ်းမိလိုက်ပါ၏။
"၀မ်ဝမ်၊ နင် ရရဲ့လား။ အဆင်ရော ပြေရဲ့လား။
ဝမ်ဝမ်၊ ငါ့ကို မခြောက်ပါနဲ့"
ရှန်းမန်ချီ စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်သည်။
သူမ မြင်လိုက်ရသည်က ၀မ်ဝမ်၏ အကြည့်တို့သည် ထူးဆန်းနေပြီး တစ်စုံတစ်ခုကို နာကျင်နေသယောင်။