စာစဉ် ၄ ( ၂၈ + ၂၉ )
16.8K 2K 44
Book. : 4
Chapter. : 28 + 29
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၄ ၊ အခန်း ၂၈ : သူ မရူးမိုက်ဘူးလား ?
ယနေ့ ဘတ်စကတ်ဘောပွဲသည်ကား စီနီယာတွေအတွက်တော့ နောက်ဆုံးကြည့်ရသည့် ပွဲတစ်ပွဲ ။ ဖိုင်နယ်လုပွဲသို့ ရောက်နေပြီမို့
လူတွေ ပြည့်ကျပ်စွာ လာရောက်အားပေးနေကြပါ၏ ။
အ၀င်ပေါက်ဝတွင် မတ်တပ်ရပ်ရင်း ခန်းမကြီးကို ဝေ့၀ိုက်ကြည့်လိုက် သည့် ရီ ၀မ်ဝမ် ။ နှစ်ဖက်အသင်းနှစ်ခုစလုံး သွေးပူလေ့ကျင့်နေကြတာ ကို သူမ မြင်လိုက်ပါ၏ ၊ သို့သော် ။ ချူဖုန်းကိုမူ သူမ ရှာမတွေ့သေး ။ ဖြစ်နိုင်သည်ကား သူ ယခုထိ ရောက်မလာသေးခြင်း ဖြစ်ပေလိမ့်မည် ။
စုန့်ကျီဟန်သည်ကတော့ သူ့ရဲ့ရှည်လမျော ခန္ဓာကိုယ်ကြီးမှာ ကစားကွင်းစည်းအပြင်ဘက်က ဒုတိယတန်းတွင် ။
သူနှင့်အတူ ထိုင်နေကြသည်ကား ရှန်းမန်ချီ ၊ ဖန်ချင်း နှင့် A အတန်းမှ တခြားသော မိန်းကလေးအနည်းငယ် ။ ထိုမိန်းကလေးတစ်သိုက်တို့မှာ စုန့်ကျီဟန်အား ယုံကြည်ကိုးစားမှုအပြည့်ဖြင့် တောက်ပရွှန်းလဲ့သည့် မျက်ဝန်းတွေနဲ့ ကြည့်လို့နေကြပါ၏ ။
သို့သော် ။
စုန့်ကျီဟန်၏မျက်လုံးထဲတွင်တော့ ရှန်းမန်ချီတစ်ယောက်ထဲသာ ။
စုန့်ကျီဟန် ။ သူ့အရှေ့မှ မိန်းကလေးတွေဆီ အကြည့်ပို့လိုက်ကာ နှစ်ထောင်းစွာဖြင့် ပြောလာသည် ။ " ကျွန်တော်တို့ကို လာအားပေး ကြတဲ့အတွက် ကျေးဇူးပါဗျာ ! "
" ဟီးဟီး ၊ အသင်းခေါင်းဆောင် စုန့် ။ ရှင်တို့ပြိုင်ပွဲကို လာအားပေးတဲ့ ရှန်းမန်ချီကို ကျေးဇူးတင်တာဆိုတာ သိပါတယ်နော် ! ကျွန်မတို့တွေက ဒီကို မတော်တဆ ရောက်လာကြရုံသက်သက်ပါပဲနော် ! "
" မန်းချီရဲ့အားပေးမှုနဲ့တင် ဒီနေ့က သေချာပေါက် ခေါင်းဆောင်စုန့်ရဲ့ အိမ်ကွင်း ဖြစ်သွားတော့မှာပဲ ! ကျွန်မတို့တွေ ကျင်းရှူကို လုံးဝကြီး ဖြိုချပစ်နိုင်တော့မှာပါ ! "